Pages
Thursday, October 17, 2013
ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းတွေ ခေါ်နေပြီ
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းတွေကို ကာကွယ်ရေး ၀န်ကြီးဌာနက အလိုရှိတယ်လို့ ဆင့်ခေါ်မှုတွေကြောင့် စစ်ဗိုလ်မမတွေ မြန်မာ့တပ်မတော်မှာ အရင်ကထက် ပိုပြီး မြင်ကြရပါတော့မယ်။ အခု ကာကွယ်ရေး ၀န်ကြီး ဌာနက ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း ခေါ်ယူမှုလုပ်ဆောင်နေပါတယ်။ အရင်ကတော့ ဆေးဘက် ဆိုင်ရာ၊ စစ်အင်ဂျင်နီယာ စစ်ဗိုလ်မမ တချို့ပဲ မြင်ကြရတာပါ။ 
အခုတော့ အမျိုးသမီး ဗိုလ်လောင်းအဖြစ် ကာကွယ်ရေး ၀န်ကြီးဌာနက ဘွဲ့ရသူ၊ မဟာဘွဲ့ရသူ၊ ပါရဂူဘွဲ့ရ သူတွေ အပျိုတွေကို ခေါ်ယူနေတာဖြစ်ပြီး အသေးစိပ် အချက်အလက်တွေကိုတော့ ကာကွယ်ရေး ၀န်ကြီး ဌာနက စာမျက်နှာက ပြန်လည် ကူးယူဖော်ပြထားပေးပါတယ်။ 
ဘွဲ့ ရအမျိုးသမီး ဗိုလ်လောင်းများ အလိုရှိသည်
၁။       လျှောက်ထားသူသည် -
(က) ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည်။
(ခ) အနည်းဆုံး အရပ်(၅)ပေ(၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင် (၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက် မကျော်ရ။
(ဂ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။
(ဃ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ ဘွဲ့ လက်မှတ်(မူရင်း)အား ပြသနိုင်ရမည်။
(စ) အသက်သတ်မှတ်ချက်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် အသက်(၂၅)နှစ် ထက် မကျော်လွန်စေရ၊ မဟာဘွဲ့ ရထားသူများအနေဖြင့်      အသက်(၂၇)နှစ်အထိ လည်းကောင်း၊ ပါရဂူဘွဲ့ ရထားသူများအနေဖြင့် အသက်(၃၀)နှစ် အထိ လည်းကောင်း လျှောက် ထားနိုင်သည်။
(ဆ) ဗိုလ်လောင်းသင်တန်းတက်ရောက်အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့်ဖြင့် စတင် ခန့် အပ်ခြင်း ခံရမည်။ 
မဟာဘွဲ့ ရသူ၊ ပါရဂူဘွဲ့ ရသူများသည် ဗိုလ်အဆင့်ဖြင့် စတင်ခန့် အပ်ခြင်းခံရမည်။
(ဇ) သက်ဆိုင်ရာတက္ကသိုလ်မှ ဘွဲ့ ရအမှတ်စာရင်းပါရှိရမည်။
(ဈ) တပ်မတော်မှ လေ့ကျင့်သင်ကြားမှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။
၂။       လျှောက်လွှာများကို မိမိတို့ နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်သည်။
၃။       လျှောက်ထားသူနှင့်အတူ အကျင်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့ နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့ အရွယ် ဓါတ်ပုံ(၃)ပုံနှင့် တပ်မတော်ဆေးရုံ/ပြည်သူ့ ဆေးရုံတို့ မှ ပဏာမဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။
၎။      လျှောက်လွှာများကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ တွင် စတင်ထုတ်ပေး မည်ဖြစ် ပြီး နိုဝင်ဘာလ(၁၇)ရက်နေ့  နောက်ဆုံးထား၍ လျှောက်လွှာတောင်း ခံရရှိသော တိုင်း စစ်ဌာနချုပ်မှတစ်ဆင့် စစ်ရာထူးခန့် ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့ ပေးပို့ ရမည်။
၅။       သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်းမီသော လျှောက်လွှာရှင်များသာ တပ်မတော် ဗိုလ်ရွေး အဖွဲ့ တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန် အကြောင်းကြား စာများကို သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များမှတဆင့် အချိန်မီပေးပို့ သွားမည်။
၆။       သတ်မှတ်ထားသည့်အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မပြုသော 
လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက် ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ 
မိမိတို့ လျှောက်လွှာ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် ရွေးချယ်ခြင်း ခံရသည်/မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။
စစ်ရာထူးခန့် ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
1 comment:
  1. နောက်ဆို အာရိုယို turnout inspecting လုပ်သလို တို့မြန်မာပြည်မှာ ဒေါ်စု turnout inspecting လုပ်ဖို့လေ... တိဘူးလား
    ReplyDelete