Pages

Wednesday, October 2, 2013

ဗိုလ်ချုပ်ဈေးရောက် ဂျပန် စစ်သည်တော်များ

 ~




ရန်ကုန်ရောက်နေတဲ့ ဂျပန် ရေတပ်က စစ်သည်တော်တွေ ဒီကနေ့ ညနေပိုင်း ဗိုလ်ချုပ်အောင်ဆန်းဈေးကို လာလည်ကြပါတယ်။
ဈေးထဲဝင်ပြီး အမှတ်တရပစ္စည်း လိုက်ဝယ်သူတွေ ရှိသလို အနားက ကော်ဖီဆိုင်တွေဘက်ကိုပြေးသူလည်း ရှိပါတယ်။



တနင်္လာနေ့က သူတို့ ရန်ကုန်ရောက်လာတာပါ။စစ်သင်္ဘော ၃ စီးနဲ့ပါ။ အရာရှိစစ်သည် ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီထဲက အများအပြား ဗိုလ်ချုပ်ဈေးကို ဒီညနေ လာကြတယ် လို့ ယူဆရပါတယ်။

ရေတပ်စစ်သည်တော်များထဲမှာ အမျိုးသမီးတချို့လည်း ပါဝင်နေပါတယ်။ သူတို့ရဲ့ ယူနီဖောင်း၊ ဦးထုပ်တို့က အမျိုးသားများနဲ့ အနည်းအကျဉ်းကွာခြားတာ တွေ့ရမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ သူတို့ကို ကိုနိချိဝ စသဖြင့် ဂျပန်ဘာသာနဲ့ လှမ်းနှုတ်ဆက်တာမျိုး ရှိနိုင်မလား??
သိပ် မသေချာပါဘူး။
ခေတ်က ဂျပန်ခေတ် မဟုတ်တော့ဘဲ ကိုရီးယားခေတ် ဖြစ်နေပြီမဟုတ်လား။




မြန်မာပြည်ကို  ရောက်မလာခင် ဒီသင်္ဘောတွေဟာ သီရိလင်္ကာမှာ ၃ ရက်၊ ဖိလစ်ပိုင်မှာ ၂ ရက် စသဖြင့် နိုင်ငံအတော်များများကို ၀င်ခဲ့ လေ့လာခဲ့ပါတယ် လို့ နိုင်ငံခြားသတင်းတွေက ဆိုပါတယ်။
မြန်မာစာနယ်ဇင်းတွေမှာ ရေးထားတာကတော့ မြန်မာပြည်ဟာ သူတို့ ဆိုက်ကပ်တဲ့ ၁၇ မြောက် နိုင်ငံ ဖြစ်ပါတယ် တဲ့။
ဒီနှစ်ပိုင်းအတွင်း နိုင်ငံတချို့က စစ်သင်္ဘောတွေ မြန်မာပြည်ကို လာခဲ့သလို မြန်မာရေတပ်သားတွေကလည်း ဗီယက်နမ် အပါအ၀င်နိုင်ငံတချို့ကို ရောက်ခဲ့ပါတယ်။






.

No comments:

Post a Comment