Pages

Tuesday, October 1, 2013

စနိုဒင် Sakharov Prize ဆု ရနိုင်ဖွယ်ရှိနေ

အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့သူလို့ စွပ်စွဲခံထားရသူ အက်ဒ၀ပ် စနိုဒင်ဟာ ဥရောပ သမဂ္ဂက ပေးမယ့် လူ့အခွင့်အရေးဆု ( Sakharov Prize) အမည်စာရင်းရဲ့နောက်ဆုံး အဆင့် ထိပ်ဆုံး ဇကာတင် ၃ ဦးထဲ ပါ ၀င်လာပြီလို့ သိရပါတယ်။ 


ယူရို ၅ ထောင် ( အမေရိကန် ဒေါ်လာ ၆ သောင်းခွဲ) ဆုကြေးပါဝင်မယ့် နောက်ဆုံး အဆင့် ၃ ဦးမှာ ပါဝင် လာသူတွေကတော့ စနိုဒင်၊ ပါကစ္စတန်က ကျောင်းသူမလေး မာလာလာ ယူဆာဖ်ဇီနဲ့ ဘယ်လာရုစ်နိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အတိုက်အခံနိုင်ငံရေးသမား တဦးတို့ဖြစ်တယ်လို့ မနေ့က အေပီ သတင်းတပုဒ်က ဆိုပါတယ်။ 

Greens က စနိုဒင်ကို စတင် အမည်စာရင်းတင်သွင်းခဲ့တာကတော့ စနိုဒင်ဟာ သူ့လွှတ်လပ်မှုတွေ အဆုံးရှုံး ခံပြီး ကျန်တဲ့သူတွေကို အကာအကွယ်ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အခုတော့ စနိုဒင်ဟာ ရုရှားနိုင်ငံမှာ ခိုလှုံနေပါတယ်။

အသက် ၁၆ နှစ်အရွယ် မာလာလာ ကတော့ တာလီဘန် အစွန်းရောက်တွေက လုပ်ကြံပစ်ခတ်ဖို့ မနှစ်က ကြိုးစား ရာမှာ အလွန်ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့သူ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရေးကြိုး စားဖော်ထုတ်သူပါ။ 

ဒီ ဆာကာရော့ဖ် ဆုကို မြန်မာနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်လည်း ရခဲ့ဖူးသလို တောင်အာဖရီက သမ္မတဟောင်း နယ်လ်ဆင်မန်တဲလားလည်း ရခဲ့ဖူးပါတယ်။ 

အခု ဥရောပ သမဂ္ဂက ပေးမယ့် လူ့အခွင့်အရေး ဆာကာရော့ဖ် ဆု ရရှိသူကိုတော့ လာမယ့် ရက်သတ္တပတ်မှာ ကြေညာမှာဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~ 


.

No comments:

Post a Comment