ဒီနေ့ထွက်တဲ့ဂျာနယ်များထဲမှာ ဆွဲဆောင်မှုအရှိဆုံးက 7Day ဂျာနယ် ဖြစ်ပါလိမ့်မယ်။
သတင်းထောက် အေးသူစံ ရေးသားတဲ့ "သမ္မတ၏အမျိုးသမီးကိုယ်ရံတော်" ဆိုတဲ့ မျက်နှာဖုံးဆောင်းပါးနဲ့ဓာတ်ပုံကြောင့် စာဖတ်သူ အများအပြား ဒီဂျာနယ်ကို ကောက်ကိုင်မိကြပါလိမ့်မယ်။
(အထူးတပ်ဖွဲ့ Special Task Force ရဲ့ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပို့ချနေတဲ့ ဒုရဲအုပ် ဒေါ်ဇာဇာအောင်ရဲ့ပုံကို ဂျာနယ်မျက်နှာဖုံးမှာ အခုလို တွေ့ရပါတယ်)
ကိုယ်ရံတော်အမည်က ဒုရဲအုပ် ဒေါ်ဇာဇာအောင်။ ၂၀၀၃ မုံရွာတက္ကသိုလ် သမိုင်းအဓိကနဲ့ ဘွဲ့ရ။
သင်တန်းမှာ အကောင်းဆုံးသင်တန်းသား၊ သေနတ်ပစ် လက်အဖြောင့်ဆုံး။
အထူးတပ်ဖွဲ့ဝင် ၂ဝဝ ထဲက ဆန်ခါတင်ရွေးချယ်ထားတဲ့ သမ္မတလုံခြုံရေးအရာရှိများထဲက အမျိုးသမီး ၄ ဦးထဲမှာ သူက တယောက်အပါအ၀င် ဖြစ်တယ်၊ ဦးသိန်းစိန် သမ္မတရာထူးရကတည်းက ကိုယ်ရံတော်တာဝန် ထမ်းခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ပိန်ပိန်သွယ်သွယ် သာမန်အရပ်သူ လို့ ထင်ရပေမယ့် ယောက်ျားကြီးငါးယောက်လောက်ကို တပြိုင်နက် လှဲသတ်နိုင်တဲ့အထိ အသတ်အပုတ်ကျွမ်းကျင်ကြောင်း ညွှန်းထားပါတယ်။
ဆောင်းပါးရှင် သတင်းထောက် အေးသူစံရဲ့ ဒီမျက်နှာဖုံးဆောင်းပါးကို စာဖတ်သူ အများအပြားက သဘောကျနေကြပါတယ်။
.
ဆောင်းပါးထဲမှာ ဘကြီးက(ဦးသိန်းစိန်) ကျွန်မတို့ကို တစ်လ၃၀၀၀၀ကျပ်ပေးတယ် အဲ့ဒါကို သုံးပြီးကျန်တဲ့ လစာအကုန်အိမ်ကို ပို့တယ်ဆိုတာတွေ့ မိတော့ ဦးသိန်းစိန်ရဲ့ စေတနာရော သူ့မှာငွေမပေါတာရောကို တစ်ပြိုင်တည်း ခံစားလို့ ရသလို အစိုးရ၀န်ထမ်းတွေကိုလည်း သနားမိတယ်။ ဖြေသိမ့်ရတာတော့ သူ့ဘကြီးရော သူရော ပျော်နေရင် ပြီးတာပါပဲပေါ့။
ReplyDeleteအမျိုးသားကိုယ်ရံတော်များဆိုပိုသင့်တော်ပါတယ်။
ReplyDeleteသမ္မတ ကအမျိုး သမီးမှ မဟုတ်တာ ။
အဲ့ဒီ အမျိုးသမီးတွေထက်တော်တဲ့ယောကျာ်းတွေနိုင်ငံထဲမှာ မရှိတော့လို့လား။
ReplyDeleteအမျိုးသမီးကိုယ်ရံတော်ဟာ သမ္မတ အတွက်ထက် သမ္မတ ဇနီးအတွက်ဆိုပိုသင့်တော်ပါတယ်။
ကိုရီးယားကမြို့ပြမုဆိုးဆိုတဲ့ ကားကိုကြည့်ဘူးမယ်ထင်ပါတယ် ၊ တကယ်တော့ တာဝန်ထမ်းဆောင်ရာမှ ထူးချွန်ရင် ယောကျာ်းမိန်းမ မခွဲသင့်ပါဘူး။
ReplyDeleteAnonymousရေ_ City Hunter DramaထဲကPark Min Young(Kim Na Na)ကိုအားကျတာ လက်ခံပါတယ်။ဒါကဇတ်လမ်းတွဲလေ။လက်တွေ့မှမဟုတ်တာ။ နိုင်ငံတကာနဲ့ခိုင်းနှိုင်းရမှာ။South Korea President _Park Geun Hyeတောင်အမျိုးသမီးကိုယ်ရံတော်မရှိဘူး။ အမျိုးသမီး၊ အမျိုးသားခွဲခြားတာမဟုတ်ပါ။ ကိုယ်လည်းအမျိုးသမီးပဲ။ အမျိုးသမီးတွေကို အခွင့်အရေး ပေးတာသဘောကျတာပေါ့ ဒီနေမျိုးတော.မဟုတ်ဘူး။ သမ္မတ အကြံ ပေး၊ဝန်ကြီးတို့လိုနေရာမျိုးပေါ့။ သမ္မတ ရဲ့ကိုယ်ရံတော်ဟာ ဟန်ပြအတွက်ဆိုရင်တော့ ဘာဖြစ်ဖြစ်အကြောင်းမဟုတ်ပါ။ ဥာဏ်ပညာပိုင်းမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ရင်ပေါင်တန်းနိုင်ကြတာပေါ့။ တကယ်အရေးကြုံလာရင်တော့ ကာယစွမ်းရည်မှာ အမျိုးသားတွေက ပိုစွမ်းဆောင်နိုင်ကြတယ်လေ။လျှပ်စစ်ဓာတ်အားခတွေ တိုးကောက်တော့မဲ့ သမ္မတ ကြီးအတွက်စိုးရိမ်လို့ ♥♥
ReplyDeleteအမျိုးသမီးတွေ အိမ်မှာနေပြီး အိမ်ရှင်မလုပ်ရမည့်ခေတ်ကုန်နေပါပြီ။ ထူးချွန်ပြီး ထက်မြက်ရင် ယောင်္ကျား၊မိန်းမဆိုပြီး ခွဲခြားမှု ရှိမနေသင့်တော့ပါဘူး။
ReplyDelete