Pages

Tuesday, December 24, 2013

AK 47 တီထွင်သူ ကွယ်လွန်

~


  ကမ္ဘာကျော် AK 47  အမျိုးအစား သေနတ် တီထွင်သူ တနင်္လာနေ့က ကွယ်လွန်သွားပါပြီလို့ နိုင်ငံတကာသတင်းတွေမှာ ရေးကြပါတယ်။
သူ့အမည်က Mikhail Kalashnikov ဖြစ်တယ်၊ အသက် ၉၄ နှစ် ရှိပြီလို့ ဆိုတယ်။ 
 


သေနတ်ကို သူ့နာမည်နဲ့တွဲပြီး Avtomat Kalashnikova  လို့ အမည်ပေးတယ်၊ အတိုကောက်က အေကေ။

စစ်ပွဲတွေမှာ သုံးတဲ့  လူသတ်လက်နက် တီထွင်ခဲ့တဲ့အတွက် သူ နောင်တ မရဘူး၊ အကြမ်းဖက်မှုကိုရပ်တန့်ရေး သဘောတူညှိနှိုင်းရေးတွေ မလုပ်နိုင်တဲ့ နိုင်ငံရေးသမားတွေကိုပဲ အပြစ်တင်ကြပါလို့ သူက မကွယ်လွန်ခင် ၆ နှစ်ခန့်အလိုမှာ ပြောခဲ့ဖူးတယ်လို့ AP သတင်းတပုဒ်က ဆိုတယ်။

AK 47 ကို နိုင်ငံတကာမှာ သုံးကြတာ အရေအတွက် သန်းတရာ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြကြောင်း သတင်းက ဆက်ရေးပါတယ်။

အနောက်တိုင်းမှာသာဆိုရင် ဒီရဲ့ တီထွင်မှုအတွက် သူဌေးကြီးဖြစ်သွားနိုင်ပါတယ်။
သို့သော်လည်း ဆိုဗီယက်/ရုရှားမှာ သူ ဆင်းဆင်းရဲရဲ နေခဲ့ရပုံမရှိပါ။

သူက ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့၊ ယယ်ဆင်တို့ကို မကြိုက်ဘူးလို့ ဆိုတယ်။

သူထွင်ခဲ့တဲ့ AK 47  က ဒီဇိုင်းလှတယ်။
သတင်းတွေမှာတော့ ဒီသေနတ်က ပစ်မှတ်ကို တိတိကျကျထိတယ်လို့ ဆိုတယ်။

လူသတ်လက်နက်တီထွင်မှုအတွက် သူ့ကို ကြိုက်ချင်မှ ကြိုက်ကြလိမ့်မယ်။
အင်း... သေနတ်က သူ့ဟာသူ နေတာပါ၊ ပစ်ကြခတ်ကြအောင် ဖြစ်စေတာကတော့ လူတွေကိုယ်တိုင်ပဲမဟုတ်လား။
သေနတ်မရှိတဲ့ခေတ်ကတည်းက ဓားလှံကျောက်တုံးကျောက်ခဲနဲ့ အပြန်အလှန် ချခဲ့ကြတာပဲမဟုတ်လား။

သူ့ကို အပြစ်တင်မယ်ဆိုရင် ကျောက်တုံးကျောက်ခဲ တီထွင်သူကိုလည်း အပြစ်တင်ရမလို ဖြစ်ပါလိမ့်မယ်။

(အပေါ်ပုံကတော့ SSA တောင်ပိုင်း စစ်သားများ AK 47 တွေနဲ့ စစ်ရေးပြနေပုံ ဖြစ်ပါတယ်။)
 



.

No comments:

Post a Comment