Pages

Saturday, December 21, 2013

ဆတ်တကောင်၊ သုံးဘီး ဆိုင်ကယ်၊ အသက် ၂ ချောင်း

.

မြန်မာပြည်မှာ ထူးထူးဆန်းဆန်းတွေဖြစ်တတ်ပါတယ်။ တလောက ဆိုင်ကယ်စီးတာ လေယာဉ်တိုက်မိလို့ အသက် ဆုံးရှုံးသွားခဲ့တဲ့ အဖြစ်ကို မှတ်မိကြမယ်ထင်ပါတယ်။ 





 မောင်းမကန် ကမ်းခြေက မြင်ကွင်းတခု

အခုလည်းနောက်ထပ် တခုက ထားဝယ်မှာ တောအုပ်ထဲမှာ ညွှတ်ကွင်းမိနေခဲ့ရာက လွတ်လာတဲ့ ဆတ် တ ကောင်က မောင်းမကန် ပင်လယ်ကမ်းခြေကို မောင်းလာတဲ့ ၃ ဘီးဆိုင်ကယ်ကို မနေ့က တိုက်မိခဲ့ရာ ဆတ် လည်း နေရာမှာ ပွဲချင်းပြီး သေဆုံးသလို ဆိုင်ကယ်ပေါ်က အမျိုးသားတဦးလည်း ဆေးရုံအရောက် သေဆုံး သွားခဲ့ရပါတယ်။ 

ကံကောင်းပြီး ညွှတ်ကွင်းက လွတ်မြောက်ပေမယ့် ဆတ် ဟာ သေဆုံးသွားရသလို ကိုသန့်ဇော်ထွန်း မောင်းနှင် တဲ့ ၃ ဘီး ဆိုင်ကယ် ၅ဟ/၈၁၅၀၂ ပေါ်မှာ လိုက်ပါလာသူ အသက် ၃၉ နှစ် ရှိ ကိုထွန်းထွန်းနိုင်ဆိုသူဟာ ဒီကနေ့ နံနက်ပိုင်းက ထားဝယ်အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ဦးခေါင်း ဒဏ်ရာနဲ့ ကွယ်လွန်သွားတယ် လို့ 
ပြန်ကြားရေး ဝန်ကြီးဌာနစာမျက်နှာမှာ ရေးထားပါတယ်။ 

ကံကောင်းခြင်း နောက်ကွယ်က ကံဆိုးခြင်း ဖြစ်တတ်တာ တကယ်တော့ ဆတ်ဟာ တိရိစ္ဆာန်ဖြစ်လေတော့ ဆင်ခြင်တုံတရား မရှိခြင်းရဲ့နောက်ကွယ် သူလည်း သေ၊ လူလည်း သေ ဖြစ်ရတဲ့ သင်ခန်းစာရတဲ့ ဝမ်းနည်းဖွယ် အဖြစ်တခုပါ။  

ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေး မီဆိုတဲ့ အနိစ္စတရားဟာ အထင်အရှားပြသလိုက်တဲ့ တကယ့် ဖြစ်ရပ်ပါ။



အိမ့်သံစဉ် ~ 





No comments:

Post a Comment