Pages

Sunday, December 22, 2013

လာမယ့်ထိုင်းရွေးကောက်ပွဲကို အတိုက်အခံ သပိတ်မှောက်



ထိုင်းနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အတိုက်အခံပါတီကြီးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက သပိတ်မှောက်တယ်လို့ ကြေညာလိုက်ပါတယ်။ 





 ထိုင်းဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီဆစ် ဝေချာချိဝ၊ ဓာတ်ပုံ- သည် ဂါးဒီးယန်း

ယခင် ထိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင် အဘီဆစ် ဝေချာချိဝ နဲ့ ပါတီ ထိပ်တန်း 
ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲအပြီး မစ္စယင်းလတ် အစိုးရ  ကြေညာထားတဲ့  ဖော်ဖော်ဝါရီလ ၂ ရက်နေ့မှာ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း မနေ့က  ကြေညာလိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ဘန်ကောက်နဲ့ မြို့တော်တော်များများမှာ မစ္စယင်လတ် နုတ်ထွက်ပေးရေး တောင်းဆို ဆန္ဒပြမှုတွေကြောင့် ပါလီမန်ကို ဖျက်သိမ်းပေးခဲ့ရပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့
ကြေညာခဲ့တာပါ။

ထိုင်းဘုရင့်မွေးနေ့ ရက်ပိုင်းတွေမှာဘဲ မစ္စယင်းလတ် အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုသူတွေက ဆန္ဒပြနေတာတွေ ခဏ ရပ်ဆိုင်းထားခဲ့ပေမယ့် အခုအခါ ဆန္ဒပြမှုတွေက အတော်ပြန်ပြီး အားကောင်းလာချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

ဒီကနေ့မှာတော့ ဆန္ဒပြမှုတွေကို အရှိန်မြှင့်မယ်လို့ ဦးဆောင်သူတွေက ပြောခဲ့ကြပါတယ်။

ဒီမိုကရက် ပါတီခေါင်းဆောင်လည်း ဖြစ်တဲ့ အဘီဆစ် ဝေချာချိဝကတော့ ဒါက နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် သေသေချာချာ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းမှု တခုဖြစ်တယ်လို့ သတင်းထောက်တွေကို မနေ့က  ပြောလိုက်ပါတယ်။

ဆန္ဒပြမှုတွေကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်တော်ပြန်ခွင့်ရရေး လွတ်ငြိမ်းချမ်းသာ ဥပဒေ တင်သွင်းခဲ့ရာက စတင်ခဲ့တာဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 





No comments:

Post a Comment