Pages

Tuesday, December 24, 2013

NLD ဗဟိုကော်မတီအစည်းအဝေးအတွက် မီဒီယာတွေ သတင်းယူနိုင်


မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။ 


ဒီအကြောင်းကို NLD ပြန်ကြားရေး ဋ္ဌာနက အောက်ဖော်ပြတဲ့အတိုင်းဖော်ပြထားပြီး မီဒီယာတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၈၊၁၂၊၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီ သီရိခန်းမတွင် ကျင်းပမည်ဖြစ်ပါ သည်။ 

ထို အစည်းအဝေးသို့တက်ရောက်သတင်းရယူလိုသော မီဒီယာများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မလိုပဲ ယင်းနေ့ နံနက် ၉ နာရီတွင် သက်ဆိုင်ရာမီဒီယာတိုက်များမှ အသိအမှတ်ပြု ID Card ပြသပြီး တိုက်ရိုက် ထုတ်ယူ ၀င်ရောက်ခွင့်ပြမည်ဖြစ်ပါသည်။ 

မီဒီယာရိုက်ကူးရန်အတွက် အခမ်းအနားစတင်ချိန်တွင် အချိန်ကန့်သတ်ဝင်ခွင့်ပြမည်ဖြစ်ပြီး အစည်းအဝေး စတင်ချိန်တွင် ထွက်ခွါပေးရပါမည်။ ထို့နောက် အစည်းအဝေးပြီးဆုံးချိန် (ခန့်မှန်းအချိန်-ညနေ ၃ နာရီ)တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။ 

ဗဟိုကော်မတီအစည်းအဝေးကျင်းပရေးကော်မတီ 







1 comment:

  1. what does "ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် " means. very confusing. is it first or second meeting?

    ReplyDelete