လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် အနုပညာရှင် သရုပ်ဆောင် သက်မွန်မြင့်က ဘယ်သူဟာ သူ့အတွက် အကောင်းဆုံးဆိုတာ သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သူ့မိခင်ကို သူက အရမ်းချစ်ကြောင်း၊ သူ့အပေါ် အကောင်းဆုံးဟာ သူ့မိခင် သာဖြစ်ပြီး ထာဝရ ပါဘဲလို့ အခုလို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။
Love u Mom! U r the Best for me! Forever!
ဓာတ်ပုံ- သက်မွန်မြင့်ရဲ့ ဖေ့စ်ဘုတ်
သက်မွန်မြင့်ဟာ ကိုစစ်နိုင်နဲ့ လာမယ့် ချစ်သူများနေ့ ညပိုင်းမှာ မင်္ဂလာပွဲ ကျင်းပဖို့ ရှိပါတယ်။ သူတို့ ရဲ့ မင်္ဂလာပွဲအတွက်လည်း ဖိတ်စာတွေ လည်း ဝေပြီးသွားပါပြီ။ ကိုစစ်နိုင်နဲ့ မသက်မွန်မြင့်တို့ရဲ့ ဖိတ်စာ အကြောင်းလည်း ဧရာဝတီက ဖော်ပြခဲ့ပါသေးတယ်။
သက်မွန်မြင့်တို့ မင်္ဂလာပွဲ ကိစ္စနဲ့ပတ်သက်ပြီး ချစ်သူများနေ့မှာ မင်္ဂလာဆောင်တွေ မသွားချင်ဘူးဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ဖေ့စ်ဘုတ်မှာ အခုလို ပြောထားပါသေးတယ်။
"အဲ့ Jerry Falam ကိုယ့်ဟာကိုယ်ယောက်ကျားယူတာ
တခြားနေ့ယူတာမဟုတ်ဘူး
Valentine's dinner အချိန်ကြီးမှယူရလား
မလာရင်လည်း စိတ်ဆိုးဦးမယ်။ " တဲ့
တခြားနေ့ယူတာမဟုတ်ဘူး
Valentine's dinner အချိန်ကြီးမှယူရလား
မလာရင်လည်း စိတ်ဆိုးဦးမယ်။ " တဲ့
အိမ့်သံစဉ် ~
ဆက်စပ် -
http://blog.irrawaddy.org/2014/01/blog-post_5.html
http://blog.irrawaddy.org/2013/12/blog-post_3878.html

No comments:
Post a Comment