Pages

Thursday, February 20, 2014

သူဋ္ဌေးကြီး ဦးတေဇရဲ့ ပူတာအိုမှာ လုပ်မယ့် အလှူ


ဦးတေဇရဲ့ အလှူ တခုပါ။ ဦးတေဇဆိုလို့ နာမည်တူ လူတူတွေ ရှိတတ်တာမို့ ဒီအလှူကတော့ အခုတလော ပူတာအိုခရိုင်ဘက်မှာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတယ်လို့ နာမည်ကြီးနေတဲ့ သူဋ္ဌေးကြီး ဦးတေဇ က လုပ်မယ့် အလှူတခုပါ။ 



တကယ်တော့ ဒီအလှူဟာ သူဋ္ဌေးကြီး ဦးတေဇရဲ့ လွန်ခဲ့တဲ့  ကချင်ပြည်နယ် ခရီးစဉ်တခုအတွင်း မဒွယ်
ရေခဲတောင်ထိပ်မှာ ကြိုးစားရှင်သန်ခဲ့တဲ့ ရဟတ်ယာဉ်အဖွဲ့သား ၆ ဦးနဲ့အတူ သူ့အသက်အန္တရာယ်နဲ့ကြုံတွေ့
နေရစဉ်မှာ စိတ်ပူပန်ပေးကြသူတွေ၊ စေတနာနဲ့ မေးမြန်းကြသူတွေနဲ့ ကယ်တင်ရေး အစီအစဉ်မှာ ပါဝင်
ပေးခဲ့ကြသူတွေကို အမှူးထားပြီး ပူတာအို ခရိုင်ကပြည်သူတွေနဲ့ အတူ လှူဒါန်း တည်ထားကိုးကွယ်တဲ့ နတ်ကျွန်းစေတီတော်ကြီး ပန္နက်တင် မင်္ဂလာနဲ့ ဗုဒ္ဓဘိသေက မင်္ဂလာ အခမ်းအနား လုပ်မယ့် အလှူပါ။ 

အလှူကျင်းပမယ့် နေရာကတော့ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်းက အင်လွယ်ရံကျေးရွာမှာ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၈ နာရီက စတင်ပြီး ကျင်းပမှာဖြစ်ပါတယ်။  

ဘုရားဒကာကြီး ဦးတေဇရဲ့ ဘုရားတည်၊ ကျောင်းဆောက် အလှူဟာ ပူတာအို ခရိုင်က ဒေသခံတွေ အတွက် ဘယ်လို အကျိုးများတယ်၊ မများဘူးဆိုတာတော့  ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြပါလိမ့် မယ်။ 

ဦးတေဇဟာ ပူတာအိုဒေသကို သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် စိတ်ဝင်စားနေခဲ့တာကြာပါပြီ။ 

သူ့ရဲ့ ပူတာအိုဒေသက စီမံကိန်းတွေ အကြောင်း နဲ့ ပတ်သက်လို့ လည်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာ မှာ ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ ဆိုတဲ့ သတင်းမှာ ဖော်ပြခဲ့သလို ကချင်ပြည်မှာ ဦးတေဇ လုပ်သမျှ KIA စောင့်ကြည့်နေ ဆို တဲ့ အကြောင်းလည်း တင်ပြထားခဲ့ဖူးပါတယ်။





 အိမ့်သံစဉ် ~


 

.


No comments:

Post a Comment