Pages

Thursday, February 20, 2014

ပြည်မြို့က ချင်းအမျိုးသားနေ့

~




ယနေ့ ကျရောက်သော (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို  ပြည်မြို့တွင်
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့သည်။

 



(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ) -
 -
အရှိုချင်းမျိုးနွယ်စုက ဦးဆောင်ပြီး
ကျင်းပသည့် အစီအစဉ်နှင့် ပတ်သက်ပြီး  ပြည်မြို့ ချင်းအမျိုးသားနေ့  ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သည့်  ပြည်မြို့
ကိုးသောင်း အရှိုနှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ သင်းအုပ်ဆရာ ဦးဥာဏ်ကွန်းက  ဧရာဝတီကိုပြောသည်။

“ပွဲသေးသေးလေးတော့ လုပ်ဖြစ်တယ်။ ဒီလိုသိုက်သိုက်ဝန်းဝန်း မလုပ်ဖြစ်တာ နှစ်ပေါင်းလေးဆယ်ကျော်ပြီ။
အစိုးရက ခွင့်မပြုတာထက် အချင်းချင်း မညီညွတ်လို့ မလုပ်ဖြစ်ခဲ့တာပါ။
ချင်းလူမျိုးတွေက ဘယ်သူခွဲခွဲတို့မခွဲ အမြဲစည်းလုံးမည်ဆိုတာကို လက်မခံဘူး။
ဘယ်သူမှ မခွဲခင်ကတည်းက ကိုယ်ဟာကိုခွဲနေကြတာလေ။ အခု ဒီနှစ်တော့ စည်းစည်းလုံးလုံး ချင်းအမျိုးသားနေ့ လုပ်ဖြစ်တာ အားလုံးပါဝင်ရမယ်။
ဘာသာမရွေး၊ ဒေသမရွေး အသင်းတော်မရွေး ပါဝင်ပြီး ချင်းအမျိုးသားနေ့ ကျင်းပမယ်ဆိုပြီး လုပ်ဖြစ်ခဲ့တာပါ”

ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်ရခြင်းနှင့် ချင်းဆိုတဲ့အမည်နှင့်သာ သန်းခေါင်းစာရင်းကောက်ယူရာမှာ ထည့်သွင်း စာရင်းပေးသွင်းသွားမှာ ဖြစ်ကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

“ချင်းအမျိုးသားနေ့ကို ချင်းလူမျိုးတွေ ပျောက်ကွယ်သွားမည့် အန္တရာယ်က ကာကွယ်တဲ့အနေနဲ့လုပ်ဖြစ်တာ။ ကျနော်တို့ကတော့ ချင်းဆိုရင် ချင်းပဲပေါ့။
သူများပေးတာဖြစ်ဖြစ် ဘယ်လိုပဲခေါ်ခေါ် ကိုယ့်ကိုယ်ကိုယ် ချင်းလို့ပဲခံယူတယ်။
ဒါကြောင့်လည်း ချင်းအမျိုးသားနေ့ ဆိုပြီး ခေါင်းစဉ်တပ်ထားတာပေါ့။
မျိုးနွယ်စုတူရင်တောင် ဘာသာမတူလို့ အသင်းတော်မတူ ကွဲနေကြတာတွေ မဖြစ်သင့်တော့ဘူး။
ချင်းတွေ စည်းလုံးတယ်ဆိုတာပြဖို့ အဓိကလုပ်တာပါ။ သန်းခေါင်းစာရင်းကောက်ရင်လဲ ချင်းဆိုတာနဲ့ပဲ ပေးမှာပါ”

အခမ်းအနားကို ပြည်မြို့ မင်္ဂလာဂါးဒင်းဟိုတယ်တွင် နံနက် (၈) နာရီက စတင်ကျင်းပခဲ့ပြီး၊ အရှိုချင်းမျိုးနွယ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ္စယာန် သက္ခာတော်ရ ဆရာများ၊ အရှိုချင်းများ၊ ဖလမ်း၊ တီးတိန်း၊ ဟားခါးမြို့နယ်များမှ ချင်းမျိုးနွယ်စုများ တက်ရောက်ခဲ့ကြပြီး  ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သည်ကို တွေ့ရသည်။ 

ကောင်းမြတ်မင်း

  


















 


ကောင်းမြတ်မင်း



.

No comments:

Post a Comment