Pages

Thursday, February 13, 2014

ပဲပြုတ် နံပြား

~


ဒီရက်ပိုင်း ဘာစားရင်ကောင်းမလဲလို့ စဉ်းစားနေသူများကို ညွှန်းချင်တာကတော့
ပဲပြုတ် နံပြား ဖြစ်ပါတယ်။
  -


(မနှစ်က ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ
ပဲပြုတ်နံပြားစားနေသူတချို့)
 -
ရန်ကုန်မြို့လယ်မှာ နေတယ် ဆိုရင်တော့
ပဲပြုတ်နံပြားက မရှားပါ၊ မိုးလင်းချိန် တောင်းရွက်ပြီး လမ်းတကာလည်ရောင်းသူတွေဆီက ဝယ်စားနိုင်ပါတယ်။ လက်ဘက်ရည်ဆိုင် အများအပြားမှာလည်း  ပဲပြုတ် နံပြား ရှိကြမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းက သူ့ဇနီးကို -   ပဲပြုတ်နှင့် နံပြား ရရင် စားချင်တယ် ဆိုပြီး စာရေးမှာကြားဖူးတာကို ဖတ်ဖူးကြမှာပါ။

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်ပြည့်မွေးနေ့ ဖြစ်တာကြောင့် ဒီရက်ပိုင်း  ဘာစားရမလဲ စဉ်းစားနေသူများ  ပဲပြုတ် နံပြား စားသင့်ကြောင်း ပြောမိတာပါ။

(ဒါကတော့  ရန်ကုန်မြို့ ရေကျော် မောင်အေး လက်ဘက်ရည်ဆိုင်မှာ တွေ့ရတဲ့ ပဲနံပြား ဖြစ်ပါတယ်)

တာမွေမြို့နယ်ဝန်းကျင်က လက်ဘက်ရည်ဆိုင်တွေမှာတော့ ပဲနံပြားက တပွဲ နှစ်ရာ၊ သုံးရာ ပေးရပါလိမ့်မယ်။

တချို့သော နယ်မြို့တွေမှာ နံပြားရောင်းတဲ့ဆိုင် မရှိပါဘူး။ ဒါကြောင့် ဘိုကလေးမြို့နယ်ကလာသူ အသိတယောက်ကတော့ ရန်ကုန်ရောက်ရင် နံပြား မကြာခဏ ၀ယ်စားဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်က ဒီအချိန်မှာတော့ - အင်းလျား၊ ဗိုလ်ချုပ်မွေးနေ့နှင့် ပဲပြုတ် နံပြား စားသူများ  ဆိုပြီး ဒီဘလော့ http://blog.irrawaddy.org/2013/02/blog-post_3554.html   မှာ ဖော်ပြခဲ့ပြီးပါပြီ။

မြန်မာပြည်သူ အများအပြားက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်ခင်ကြတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ခဲ့ဖူးတဲ့ အစားအစာအကြောင်းကိုလည်း မကြာခဏ ရေးကြ ပြောဆိုကြတာ တွေ့ကြရမှာဖြစ်ပါတယ်။




.

1 comment:

  1. မသမာသူတစ်စုလုပ်ကြံလို့ကွယ်လွန်သွားခဲ့တဲ့တို့ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့အမျတ်တရများစွာကတော့နှစ်တွေဘယ်လောက်ကြာကြာမြန်မာပြည်သူတွေရင်ထဲမှာမမေ့မပျောက်ဘဲအမြဲအမှတ်တရရှိနေမှာပါ

    ReplyDelete