Pages

Thursday, February 20, 2014

ရန်ကုန်မှာ တွေ့ရမယ့် ချင်းအမျိုးသားနေ့ အစီအစဉ်

~


ရန်ကုန်မှာ ဒီကနေ့ စိတ်ဝင်စားစရာ အစီအစဉ်တခု ရှိနေပါတယ်။
အဲဒါကတော့ ချင်းအမျိုးသားနေ့ အခမ်းအနားပါပဲ။ 
 


ချင်းတောင်ပေါ်ကားလမ်း တနေရာ 
(ဓာတ်ပုံ - Sam Stubblefield)

ဒီကနေ့ ကြာသပတေး နေ့ခင်း ၁းဝဝ ကနေ ညနေ ၆းဝဝ အထိ လှိုင်မြို့နယ်မှာ ပြုလုပ်ပါမယ်။

နေရာ အတိအကျကတော့ ... လှိုင်မင်္ဂလာခန်းမ၊ အမှတ် ၂၂/က၊ အောင်ဓမ္မရိပ်သာလမ်း၊ သမိုင်းလမ်းဆုံမှတ်တိုင်အနီး၊ ရန်ကုန်-အင်းစိန် လမ်းမကြီး၊ လှိုင်မြို့နယ်။

ခေတ်ပေါ် ခေတ်ဟောင်း တေးဂီတ ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဖိတ်ကြားစာတစောင်မှာ ဖော်ပြထားချက်အရ ဆိုရင် အဲဒီအခမ်းအနားမှာ ချင်းရိုးရာပစ္စည်းများ၊ အစားအသောက်များလည်း ဝယ်ယူအားပေးနိုင်ဖွယ်ရှိပါတယ်။

ရန်ကုန်ရောက် ချင်းတိုင်းရင်းသား အများအပြား တက်ရောက်ကြမယ့် အစီအစဉ်ပါပဲ။
ဒီနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် ချင်းအမျိုးသားနေ့ ဖိတ်ကြားစာ၊ အမှတ်တရ တီရှပ်မှာ ပုံနှိပ်မယ့် ဒီဇိုင်းတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ဆက်စပ် -

  • A View of Life in Chin State
http://www.irrawaddy.org/burma/multimedia-burma/view-life-chin-state.html
  • Suu Kyi Brings Constitutional Talk to Chin State
http://www.irrawaddy.org/burma/multimedia-burma/suu-kyi-brings-constitutional-talk-chin-state.html
  • Face to Face With the Tattooed Women of Chin
http://www.irrawaddy.org/burma/multimedia-burma/face-face-tattooed-women-chin.html
  • ပါးရဲထိုး ချင်းမျက်နှာများ
http://burma.irrawaddy.org/article/2014/02/19/55144.html
  • ချင်းဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှု ထပ်မံကြုံတွေ့
http://burma.irrawaddy.org/%E1%81%80_chin-state/2013/02/06/33383.html
  • “ချင်းတွေက တပ်ထဲကနေ ထွက်ထွက်သွားတယ်”  
http://blog.irrawaddy.org/2013/02/blog-post_6.html
  • ချင်းတောင်ပေါ်က ဇိုမျိုးနွယ်စု ပျောက်ကွယ်သွားနိုင်သလား  
http://blog.irrawaddy.org/2014/02/blog-post_7545.html






.

No comments:

Post a Comment