Pages

Wednesday, February 5, 2014

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ဆေးရုံရောက်နေ

~



စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေတာ နည်းနည်း သက်သာလာပြီလို့ သိရပါတယ်။



  • PHOTO: AFP

အသက် ၉ဝ ရှိပြီဖြစ်တဲ့ လီကွမ်ယု ရောက်နေတဲ့ဆေးရုံကတော့  Singapore General Hospital ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ဆေးရုံတင်ရတယ်၊ ဖျားတယ်၊ ချောင်းဆိုးတယ်လို့ ဆိုပါတယ်။

သက်သာလာပြီ၊ ပဋိဇီဝဆေး သောက်နေရတယ်၊ ဆရာဝန်တွေက သူ့ကို လူကြားသူကြားထဲ မနေဖို့ ပြောတယ်လို့ သူ့ရဲ့ ပြောခွင့်ရအရာရှိက ဆိုပါတယ်။

ကျန်းမာရေးမကောင်းတဲ့အတွက် တရုတ်နှစ်သစ်ကူး ညစာစားပွဲ မတက်ဘူးလို့ ဆိုပါတယ် -  ပုံမှန်အားဖြင့် သူက နှစ်တိုင်း မပျက်မကွက် တက်ရောက်အားပေးလေ့ရှိသူပါ။

စင်္ကာပူကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ လီကွမ်ယုက မကြာသေးခင်လပိုင်းအတွင်းကမှ အသက် ၉ဝ ပြည့်သွားတာပါ။

သူ့ရဲ့ ဦးဆောင်မှုကြောင့် စင်္ကာပူနိုင်ငံက အာရှရဲ့ ထိပ်တန်းနိုင်ငံတခု ဖြစ်လာပါတယ်။

လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းက သူ့ရဲ့ သားကြီး ဖြစ်ပါတယ်။

လောလောဆယ် ဒေသတွင်း သတင်းတွေမှာတော့  Singapore's Lee Kuan Yew hospitalised with fever စသဖြင့် ရေးနေကြပါတယ်။

.

No comments:

Post a Comment