Pages

Wednesday, February 19, 2014

ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး ရန်ကုန်တွင် ရှိနေသည်

~


ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ရန်ကုန်မြို့ ကျောက်မျက်ပြတိုက်မှာ  ပြသထားပါတယ်။
အရွယ်အစားကတော့ ပုံမှာ တွေ့ရတဲ့အတိုင်းပါပဲ။
အလေးချိန် ခန့်မှန်းချေ ၃၃ တန် ရှိပါတယ်။

 


 ဒီမနက် ရန်ကုန် ကျောက်မျက်ပြတိုက်မှာ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)
 - AP သတင်းဟောင်းတပုဒ်အရ ဆိုရင် ဒီကျောက်တုံးကြီးကို ၁၉၈၃ နှစ်ဆန်းပိုင်း ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း ဒေသ ကျောက်စိမ်းတွင်းတခုကနေ ရရှိတာဖြစ်ပါလိမ့်မယ်။
ရန်ကုန်ကိုသယ်ရာလမ်းတလျှောက်မှာ ကျောက်တုံးကြီးပါတဲ့ ယာဉ်တန်း လမ်းမှာ မကြာခဏ အတိုက်ခံရပါတယ် တဲ့။

ပြီးခဲ့တဲ့ တပတ်ကလည်း တန် ၂ဝ ဝန်းကျင် အလေးချိန်ရှိတယ် ဆိုတဲ့ ကျောက်စိမ်းတုံးကြီးတခု အဲဒီဒေသကပဲ တူးဖော် ရရှိခဲ့ပါသေးတယ်။

ဒီအကြောင်း ဒီဘလော့ http://blog.irrawaddy.org/2014/02/blog-post_5079.html မှာ ဧရာမကျောက်စိမ်းတုံးကြီး ဖားကန့်မှာ တူးဖော်ရရှိ  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးပါပြီ။

အခု အသစ်တွေ့တာနဲ့ ရန်ကုန် ကျောက်မျက်ပြတိုက်မှာ ပြသထားတဲ့  ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး ဘယ်ဟာက အရည်အသွေး ပိုကောင်းမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အသစ်တွေ့တာကို နေပြည်တော်မှာ ထားမယ်လို့ ယူဆရပါတယ်။




.

No comments:

Post a Comment