Pages

Wednesday, February 26, 2014

တနင်္လာနေ့မှာ သီလဝါရှယ်ယာတွေ စတင် ရောင်းပါတော့မယ်

~
သီလ၀ါ အထူးစီးပွားရေးဇုန်  ရောင်းမယ့်ရက်ကို ကြေညာပါပြီ။ လာမယ့် တနင်္လာနေ့မှာ  စတင် ရောင်းချပါတော့မယ် တဲ့။
 


သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာရှိ သီလဝါ  စီမံကိန်း နယ်မြေ (ဓာတ်ပုံ – ဧရာဝတီ)
 

ရောင်းမယ့် ရှယ်ယာ အရေအတွက်ပေါင်း နှစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
 မြန်မာသီလဝါ SEZ Holdings Public Limited ရဲ့ ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

ဆက်စပ်
သီလဝါအထူးစီးပွားရေးဇုံ ရှယ်ယာတခုကို ကျပ်တသောင်းနဲ့ ရောင်းမယ်
http://blog.irrawaddy.org/2014/02/blog-post_8239.html

Families Relocated for Thilawa SEZ Seek Meeting With ‘Unresponsive’ JICA
http://www.irrawaddy.org/burma/families-relocated-thilawa-sez-seek-meeting-unresponsive-jica.html

သီလဝါစီမံကိန်း ဝန်းကျင် မြေနေရာများကို ဈေးကစားေ
http://burma.irrawaddy.org/%E1%81%80_yangon/2012/11/12/25198.html

သီလ၀ါ စီမံကိန်း ပထမအဆင့် လိုငွေ အနည်းဆုံး ဒေါ်လာ သန်း ၁၈၀ ရှိ
http://burma.irrawaddy.org/business/2014/02/19/55184.html



အစုရှယ်ယာများစတင်ရောင်းချမည့် ရက်သတ်မှတ်ကြေညာခြင်း

 မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်လီမိတက် (Myanmar Thilawa SEZ Holdings Public Limited) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်အမှတ်- ၄၈၄/ ၂ဝ၁၃-၂ဝ၁၄ (၃-၅-၂ဝ၁၃)ဖြင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

  မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်း ပတ်ဘလစ်လီမိတက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်အား ရင်းနှီးတည်ဆောက်မည့် မြန်မာ-ဂျပန်သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်နှင့် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းထားပြီး၊ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသူ အများပြည်သူသို့ ၂ဝ၁၄ ခုနှစ်၊  မတ်လ (၃)ရက် နေ့မှစတင်၍ အစုရှယ်ယာများရောင်းချမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

   အစုရှယ်ယာတစ်စုလျှင် ငွေကျပ် ၁ဝ,ဝဝဝ/- (ကျပ်တစ်သောင်းတိတိ) ဖြင့် အများပြည်သူသို့ အစုရှယ်ယာပေါင်း (၂,၁၄၅,ဝဝဝ)ရောင်းချမည် ဖြစ်ရာ အစုရှယ်ယာအနည်းစုသာ ဝယ်ယူနိုင်သူများအား ဦးစားပေးခွဲဝေရောင်းချမည် ဖြစ်ပါသည်။
ကုမ္ပဏီ၏လုပ်ငန်းအလားအလာညွှန်းတမ်း (Prospectus) ကို လေ့လာနိုင်ရန်နှင့် အစုရှယ်ယာဝယ်ယူရန် လျှောက်လွှာပုံစံများကို မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ် လီမိတက်ရုံး၊ ကုန်သည်စက်မှု အသင်းချုပ်ရုံး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ယာယီဖွင့်လှစ်ထားသည့် သန်လျင်ကျောက်တန်းလမ်းနှင့် ဒဂုံသီလဝါ လမ်းထောင့်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမြေယာရုံးခွဲ(၂)တွင်လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင်ပြည်နယ် နှင့် တိုင်းအသီးသီးရှိ ရိုးမဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် ကမ္ဘောဇဘဏ်တို့၏ ဘဏ်ခွဲများတွင်လည်းကောင်း အများပြည်သူ လွယ်လင့်တကူရရှိနိုင်ရန် ထားရှိသွားမည် ဖြစ်ပါကြောင်းကြေညာအပ်ပါသည်။                

  ဒါရိုက်တာအဖွဲ့       

         မြန်မာသီလဝါအက်စ်အီးဇက်ဟိုးလ်ဒင်းပတ်ဘလစ်လီမိတက်



.

No comments:

Post a Comment