Pages

Tuesday, February 11, 2014

အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ထောက်ခံသူများ

 ~




အခုတလော ထွက်နေတဲ့ အရပ်ဘက် သတင်းစာ ဂျာနယ်တွေမှာ  ၅၉ ဆိုတဲ့ ဂဏန်းကို  အဆက်မပြတ် တွေ့ရပါလိမ့်မယ်။ အဲဒီဂဏန်းက   အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ဆိုလိုပါတယ်။
လူပြောများတဲ့ အဲဒီပုဒ်မက သမ္မတမှာ ရှိရမယ့် အရည်အချင်းပါ။ နာဂစ်ဥပဒေထဲကပါ။
အဲဒီ နာဂစ်ဥပဒေထဲက ပုဒ်မ ၅၉ ကို ကန့်ကွက်သူ၊ တစိတ်တပိုင်း ကန့်ကွက်သူ အများအပြားရှိကြောင်း အရပ်ဘက်သတင်းစာ  ဂျာနယ်များမှာ ဖတ်ခဲ့ရပါလိမ့်မယ်။

အခု အွန်လိုင်းမီဒီယာ တနေရာမှာတော့ အဲဒါရဲ့ ဆန့်ကျင်ဘက်ကို တွေ့နေရပါပြီ
 အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ထောက်ခံသူများ တဲ့။
https://www.facebook.com/section59ofconstitution

လောလောဆယ် အဲဒီ ဖေ့ဘုတ်စာမျက်နှာမှာ ပရိသတ် နှစ်ထောင်ကျော်နေပါပြီ။ မကြာခင် နှစ်သောင်း ကျော်သွားနိုင်ပါတယ်။
 
 



အဲဒီစာမျက်နှာရဲ့ ပို့စ်တခုမှာတော့ ...

အမှန်တကယ်သာ ပုဒ်မ ၅၉ ကို ကာကွယ် စောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင် အနာဂတ် ပြည်တောင် သမ္မတ မြန်မာ နိုင်ငံတော်ကြီးရဲ့ သမ္မတ နေရာ ကို အောက်က ပုံအတိုင်းဖြစ်လာ လိမ့်မယ်
အားလုံးပဲ ပုဒ်မ ၅၉ ကို ကာကွယ် စောင့်ရှောက်ကြပါစို့
လို့ ရေးထားပါတယ်။ သရုပ်ဖော်ပုံကတော့  ကုလားကြီးတယောက် သမ္မတကုလားထိုင်ပေါ်တက်မယ့်ပုံ ဆွဲထားတာပါ။

ပုဒ်မ ၅၉ ကို အပြင်းအထန် ဆန့်ကျင်သူ၊ အပြင်းအထန် ထောက်ခံသူ ဆိုပြီး သိသိသာသာ ကွဲပြားနေတဲ့အတွက် နာဂစ်ဥပဒေဖန်တီးရှင်တွေက နှစ်သက်သဘောကျနေဖွယ်ရှိပါတယ်။

၅၉ ကို ပြင်ဆင်ခွင့်ပြုရေး မပြုရေး ဆိုတာလည်း သူတို့သဘောပါပဲ။ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် သူတို့ သဘောအတိုင်း ဖြစ်လာပါလိမ့်မယ်။

လောလောဆယ်တော့
ပုဒ်မ ၅၉ ကို အပြင်းအထန် ဆန့်ကျင်သူရော အပြင်းအထန် ထောက်ခံသူတွေပါ အပြင်းအထန် စည်းရုံး လှုံ့ဆော်နေကြပါပြီ။
မတူတဲ့အမြင်ရှိသူတွေကြား ပဋိပက္ခကြီးများ ဖြစ်လာနိုင်မလား??
ဒါလည်း မေးသင့်တဲ့ မေးခွန်းပါ။
 တချို့သောနိုင်ငံရေးသမားတွေအတွက်တော့ ဒီကွဲပြားမှုက မဲဆွယ်ရေးလက်နက်တခု ဖြစ်လာနိုင်ပါတယ်။


အခု မြင်ရတဲ့ ပုံ တွေကို  အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ထောက်ခံသူများ စာမျက်နှာကနေ ယူပါတယ်။
မန္တလေးမှာ ဒီကနေ့ အခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်တဲ့မြင်ကွင်းများ ဖြစ်ပါတယ်။

  အမျိုးသားရေး ရှုထောင့်မှ ကာကွယ်စောင့်ရှောက်ရမည့် ပုဒ်မ ၅၉ ဟောပြောပွဲကို ကိုနေမျိုးဝေနဲ့ စတင် ဖွင့်လှစ်တယ်လို့ အဲဒီစာမျက်နှာနောက်လိုက်နေသူတဦးရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။


ဒါကတော့ အဲဒီ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ကြွေးကြော်သံ တပိုင်းတစ ဖြစ်ပါတယ်။

ဆက်စပ် -

ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ် http://blog.irrawaddy.org/2013/11/blog-post_9192.html

 



.

2 comments:

  1. 59(စ)ကို ထောက်ခံတယ် ၅၉)စ) မပြင်ပဲလည်း အမေစု သမ္မတ ဖြစ်နိုင်တဲ့ နည်းလမ်းရှိတာပဲ။ သားနှစ်ယောက် ခေတ္တစွန့်လိုက်ပေါ့။ တကယ်စွန့်ရတာမှ မဟုတ်ပဲ၊ တိုင်းပြည်အတွက် ဒါလောက်တောင် စွန့်လွှတ်ပြီးပြီပဲ ။ ပိုက်ဆံရှိတဲ့ oicရဲ့ထောက်ပံ့မူနဲ့ မြန်မာပြည် ကုလားသိမ်းသွား လိမ့်မယ်။

    ReplyDelete
  2. ဒေါ်အောင်ဆန်းစုကြည်သမတဖြစ်ရင်တော့တစ်ကယ်ဝမ်းသာပါတယ် ဒါပေမဲ့ပုဒ်မ ၅၉ ကဒေါ်အောင်ဆန်းစုကြည်ကိုညစ်ပြီးရေးဆွဲထားတယ်တော့မထင်ပါဘူး၊သာမန်ပြည်သူတစ်ယောက်အရည်အခြင်းထက်ပိုမြင့်မားတဲ့သမတအရည်အချင်းမှာနိုင်ငံခြားသားနဲ့ပတ်သက်တဲ့ခင်ပွန်း၊ဆွေမျိုးဘာညာကန့်သတ်မူ့တွေနိုင်ငံတိုင်းရှိနိုင်ပါတယ်..ဘာဘဲဖြစ်ဖြစ်၂ဦး၂ဘက်ပြေပြေလည်လည်နဲ့ပြီးသွားစေချင်ပါတယ်..

    ReplyDelete