Pages

Monday, February 17, 2014

တူရကီလွှတ်တော်မှာ ရန်ပွဲဖြစ်၊ အမတ်မင်းတဦး ဆေးရုံတင်ရ

 ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တူရကီ နိုင်ငံက လွှတ်တော်မှာတော့ လွှတ်တော် အမတ်တချို့ အချင်းချင်း စကားများခဲ့ ကြရာမှ အမတ်တစ်ဦးကို ဆေးရုံကို ပို့ခဲ့ရပါတယ်။






အခုလို ဖြစ်ခဲ့ရတဲ့ အကြောင်းက လွတ်တော်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ အဆိုပြုချက် ကို
ဆွေးနွေး တင်ပြခဲ့ရာက စတင်ပြီး ခိုက်ရန် ဖြစ်ပွားခဲ့တာလို့ CNN သတင်း တပုဒ်မှာဖော်ပြထားပါတယ်။

ခိုက်ရန်ဖြစ်ပွားပြီးနောက်တနေ့ လွတ်တော်မှာတော့ ကန့်ကွက်မဲ ၂၈ မဲနဲ့ ထောက်ခံမဲ ၂၁၀ မဲနဲ့ ပြုပြင်
ပြောင်းလဲရေး အဆိုကို အတည်ပြုပေးခဲ့ပါတယ်တဲ့။

ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ပါတီကတော့ ပြည်သူ့ ပါတီ လို့ ခေါ်တဲ့ ရီပတ်ပလင်ကန် ပါတီက အမတ်နဲ့ အေကေပီလို့ ခေါ်တဲ့ အာဏာရ တရားမျှတရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ်တွေ စကားများ ကြပြီး ခိုက်ရန် ဖြစ်ပွားခဲ့ ကြတာ ဖြစ်ပါတယ်။

ပြည်သူ့ ပါတီ အမတ်ကတော့ နှာခေါင်းကျိုး သွားခဲ့ရပါတယ်တဲ့။ အဲဒီ ဖြစ်စဉ်ကို တူရကီ သတင်းဌာနတွေမှာလဲ ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ အမတ်က လက်ရှိ ၀န်ကြီးချုပ် ရီဆက်ဘေယစ်အာဒိုဂန် အား အာဏာရှင်လို့  ခေါ်ဝေါ် ခဲ့တဲ့ အပြင် စတိတ်စင်မြင်ပေါ်မှာလည်း စကားကြောရှည်နေခဲ့တာကြောင့် အာဏာရ ပါတီအမတ်တွေက စင်ပေါ်က ဆွဲချရာက ပြဿနာကြီးထွားသွားခဲ့ရတာဖြစ်တယ်လို့ အဲဒီ သတင်းက ဆိုပါတယ်။


အိမ့်သံစဉ်~~











No comments:

Post a Comment