Pages

Monday, February 10, 2014

မြန်မာ့လေကြောင်းက ဘိုးရင်းလေယာဉ် ၁ ဒါဇင် တိုးချဲ့မယ်

မြန်မာနိုင်ငံရဲ့ စီးပွားရေး နဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စတာတွေမှာ ဖွင့်ပေးလိုက်တာကြောင့် 
မြန်မာ့လေကြောင်းက ဘိုးရင်း ၇၃၇ လေယာဉ် ၁ ဒါဇင်နဲ့ တိုးချဲ့ပြေးဆွဲမှာ ဖြစ်ပါတယ်။ 


 ဓာတ်ပုံ- www.aviationnews.eu

အဲဒီ ဘိုးရင်း ၇၃၇ လေယာဉ် တွေကို နာမည်ကြီး GE ကုမ္ပဏီရဲ့ လေကြောင်း ဆိုင်ရာ အငှား ကုမ္ပဏီ GECAS က တဆင့် ငှားယူသွားမှာဖြစ်ပြီး ဖေဖော်ဝရီလ ၁၁ ရက်နေ့က ၁၆ ရက်နေ့ထိ ပြသမယ့် စင်ကာပူ လေကြောင်း ပြပွဲမှာ ဒီ ဆုံးဖြတ်ချက် ကို ကြေညာဖို့ မျှော်လင့်နိုင်ဖွယ် ရှိတယ်လို့ လေကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်း တပုဒ် က ဆိုပါတယ်။ 

နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းရဲ့ ၂၀ ရာခိုင်နှုန်းကို Myanmar Airways International – MAI က ပိုင်ဆိုင်ပြီး လက်ရှိ မြန်မာ့လေကြောင်း အနေနဲ့ ပြည်တွင်းခရီးစဉ်တွေပဲ ပြေးဆွဲနေတာဖြစ်ပါတယ်။ 

ဘိုးရင်း ၇၃၇ လေယာဉ်တွေဟာ လေကြောင်းလိုင်းစီစဉ်မှုမှာ ပိုပြီး ပြုလွယ်ပြင်လွယ်လုပ်နိုင်မှာဖြစ် သ လို နိုင်ငံ တကာကို လည်း ပျံသန်းလာနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ 

နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုဆို အာရှတိုက်မှာ နောက်ဆုံး ရှေ့တန်း မျက်နှာစာ ရောက် လာတဲ့ နိုင်ငံတခုလိုဖြစ်တယ်လို့လည်း အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။ 

ခရီးသည်များပြားလာမှုနဲ့ အတူ လေကြောင်းလိုင်းသစ်တွေလည်း တိုးပွားလာနေပြီး နိုင်ငံခြားလေကြောင်း လိုင်း တချို့လည်း မြန်မာပြည်ဈေးကွက်ကို ခြေချလာနေကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဆင်းရဲတာနဲ့ လိုအပ်တဲ့ အခြေခံ အဆောက် အဦပိုင်းတွေ မရှိတာတွေကြောင့် လုံခြုံမှုနဲ့ပတ်သက်လို့တော့ စိုးရိမ်ပူပန် စရာတွေ ရှိနေတယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။

မြန်မာ့လေကြောင်းက  Xian MA60s အမျိုးအစား လေယာဉ် ၃ စီးကို ၂၀၁၂ မှာ ရပ်နားလိုက်တယ်၊ တလအတွင်း  အဲဒီအမျိုးအစားလေယာဉ် ၂ စီး အဆင်းမှာ မတော်တဆမှုနဲ့ ကြုံရတဲ့အတွက် အဲဒီလို နားလိုက်တာဖြစ်တယ်လို့ လေကြောင်းထိန်းသိမ်းရေးဌာနက   Reuters သတင်းဌာနကို ပြီးခဲ့တဲ့နှစ်က ပြောပြပါတယ်။
(မှတ်ချက် - အနီရောင်ခြယ်ထားတဲ့ နိဂုံးပိုင်းက ဘာသာပြန်ချို့ယွင်းချက်ရှိတဲ့အတွက်  ပြန်လည် ပြင်ဆင် ရေးသားထားတာ ဖြစ်ပါတယ်။ အားနည်းချက် ထောက်ပြတဲ့ စာဖတ်သူတဦးကို အထူး ကျေးဇူးတင်ပါတယ်)




အိမ့်သံစဉ် ~



.




No comments:

Post a Comment