Pages

Sunday, February 16, 2014

ရွှေမြေဟောက် ပူးတွဲ စစ်ရေး လေ့ကျင့်မှု စတင်နေ

အမေရိကန်ပြည်ထောင်စု၊ ထိုင်းနဲ့ တောင်ကိုရီးယားစတဲ့ နိုင်ငံပေါင်းစုံ တပ်တွေပါဝင်တဲ့ ရွှေမြွေဟောက် ( Cobra Gold ) ပူးတွဲ စစ်ရေး လေ့ကျင့်ရေးကို ထိုင်းနိုင် ချူပူရီခရိုင်မှာ စတင်လုပ်ဆောင်နေကြပါတယ်။ 


အာရှ ပစ္စိဖိတ်ဒေသမှာ နိုင်ငံတွေအတော်များများပါဝင်ပြီး Cobra Gold အကြီးဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ အမေရိကန် ပြည်ထောင်စု၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတို့ က ကြည်း၊ ရေ၊ လေ စစ်သားတွေရဲ့ ပူးပေါင်း ပစ်ခတ်စစ်ရေးလေ့ကျင့်ကြပြီး လေ့လာသူတွေ အနေ နဲ့ နိုင်ငံပေါင်း ၂၀ တက် ရောက်ကြပါတယ်။ 



အခုနှစ် ၂၀၁၄ ခုနှစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထိ လုပ်ဆောင် ကြ မှာပါ။ 




ထူးခြားမှု တခုအနေနဲ့ ပြောရရင် တရုတ်နိုင်ငံက အခု ရွှေမြွေဟောက် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံး အဖြစ် ပါဝင်ခွင့် ရပါတယ်။ အရင်ကတော့ တရုတ်နိုင်ငံက  လေ့လာသူအဖြစ်သာ ပါဝင် တက်ရောက်ခွင့်ရခဲ့တာပါ။

မြန်မာနိုင်ငံကတော့ မနှစ်က စပြီး လေ့လာသူအဖြစ် တက်ရောက်ခွင့်ရပါတယ်။ အမေရိကန်၊ ထိုင်း ၂ နိုင်ငံက ဦးဆောင်ပြီး လုပ်တဲ့ Cobra Gold ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်က တည်းက နှစ်စဉ် လုပ်ဆောင်လာခဲ့တာအခုထိပါဘဲ။ 

စစ်ရေးလျေ့ကျင့်မှု မှတ်တမ်း ဓာတ်ပုံများကို ၂၀၁၄ ရွှေမြွေဟောက် စစ်ဆင်ရေး ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် ကူးယူပြီး စုစည်းဖော်ပြလိုက်ပါတယ်။  





















































အိမ့်သံစဉ် ~ 










No comments:

Post a Comment