Pages

Thursday, February 13, 2014

နှစ်ကုန်လျှင် သစ်ကုန်ရမည်

~

 

 -
နှစ်ကုန်လျှင် သစ်ကုန်ရမည် ဆိုတဲ့ ဆိုင်းဘုတ်တခု Facebook ထဲ ရောက်နေပါတယ်။

ဆောင်ပုဒ်အတိုင်း အပြည့်အဝအကော်အထည်ဖော်တာဆိုလို့ မြန်မာ့သစ်လုပ်ငန်းပဲရှိမယ်၊
လျာထားချက်ကိုပြည်မှီကျော်လွန်အောင် စွမ်းဆောင်နိုင်သော မြန်မာ့သစ်လုပ်ငန်းအား
အလေးပြု .......... ဆိုပြီး မှတ်ချက်ပြုထားတာကိုလည်း တွေ့ရပါလိမ့်မယ်။

နှစ်ကုန်လျှင် သစ်ကုန်ရမည် ဆိုတာ ဘယ်လိုကြွေးကြော်သံပါလိမ့် ဆိုပြီး ဆက်စပ် စဉ်းစားကြည့်ကြမယ် ထင်ပါတယ်။

ဒီဓာတ်ပုံက ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံများလားလို့လည်း တချို့က သံသယ ဖြစ်ကြမှာပါ။

ဒီကြွေးကြော်သံရဲ့ ဆိုလိုရင်းအမှန် ဘာဖြစ်တယ် ဆိုတာ မကြာခင် ပေါ်ပေါက်လာလိမ့်မယ် လို့ ယူဆရပါတယ်။

သစ်တောတွေ ပြောင်တလင်းခါခါသွားခြင်းရဲ့ တရားခံက မြန်မာ့သစ်လုပ်ငန်းလား။ ဒါမှမဟုတ် အဲဒီဌာနထက် ပါဝါကြီးတန်ခိုးထွားသူများကြောင့်လား။

ဒီမေးခွန်းဖြေဖို့အတွက်တော့ သိပ် စဉ်းစားစရာ မလိုအပ်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။



.

1 comment:

  1. ခေါင်းစဉ်မှာ "နှ" ကျန်ခဲ့တယ်နော် ဧရာဝတီ

    အမြင်မတော်ရင် ပြောလိုက်ရမှ ဒီက ကျေနပ်တယ်။
    လူထုစိန်ဝင်းလိုလူတောင် အမြင်မတော်လို့ ဒီလို ဆုံးမခံရဖူးတယ် >> http://www.luduseinwin.com/?p=1/

    ReplyDelete