Pages

Wednesday, February 19, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကင်တာနား တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားဟာ  နေပြည်တော်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကင်တာနား၊ ဓာတ်ပုံ- NLD Chairperson's Office

နေပြည်တော် နှင်းဆီအိမ်တော်လို့ ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ မစ္စတာ ကင်တာနားကို ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ 
ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်က လက်ခံတွေ့ဆုံပြီး 
ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေကိုတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ 




အိမ့်သံစဉ် ~ 








No comments:

Post a Comment