Pages

Tuesday, February 18, 2014

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ဒေါကန်နေသည်


မြန်မာအစိုးရကို နှစ်ပေါင်း များစွာ လက်နက်စွဲကိုင် တော်လှန်နေခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU က စစ်ဦးစီးချုပ် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောဂျော်နီဟာ ဒေါသဖြစ်နေပါတယ်တဲ့။  ဘာကို ဒေါသဖြစ်နေတာပါလဲ။


 KNLA တပ်မဟာ ၇ နယ်မြေဌာနချုပ်က နေအိမ်မှာတွေ့ရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဓာတ်ပုံ- စောရန်နိုင်/ ဧရာဝတီ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညီညွတ်မှု မရှိတာနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ယုံကြည်မှု မရှိတဲ့ လိုအပ်ချက်တွေ အပေါ် အတွေးတွေပြည့်နှက်နေပြီး အခုလို စိတ်တွေ ပင်ပန်းကာ ဒေါသဖြစ်
နေရတာပါ တဲ့။ 

တဖက်မှာလည်း KNU ဟာ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု
တွေလည်း လုပ်နေတာပါ။ 

ဒါပေမယ့် အသက် ၆၆ နှစ်ရှိနေပြီဖြစ်တဲ့ နာမည်ကြီး ကရင် စစ်ဦးစီးချုပ် စောဂျော်နီဟာ ကရင့် လက်နက်ကိုင် တပ်မတော်အနေနဲ့ အခုထိ စစ်မြေမြင် ထဲမှာပဲ ရှိနေဆဲဖြစ်တယ်လို့ ဧရာဝတီနဲ့ မေးမြန်းခန်း မှာ ပြောဆိုထားပါတယ်။ 

သူဘာကြောင့် ဒီလိုပြောတာလဲဆိုတာ အသေးစိပ်သိနိုင်ဖို့ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ http://www.irrawaddy.org/burma/still-battlefield-karen-military-chief.html မှာ သတင်းထောက် စောရန်နိုင်ရေးသားတင်ပြထားတဲ့ We Are Still in the Battlefield: Karen Military Chief ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။









No comments:

Post a Comment