Pages

Monday, March 24, 2014

မန္တလေးနဲ့ မြို့ကြီးတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေကန့်ကွက်ပွဲ

ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတော့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ၊၅၉(ဃ) နှင့်  ပုဒ်မ ၅၉(စ) တို့ကို ပြင်ဆင်ပေးရန်အတွက် မန္တလေးမြို့မှာ မနေ့က မနက် ၉ နာရီက မြို့ ခံပြည်သူ ၃၀၀ လောက် က ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ ကြပါတယ်။


(ဓာတ်ပုံ-တေဇလှိုင်/ဧရာဝတီ) 

မတ်လ ၂၃ ရက်နေ့ တရက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆန္ဒ ပြပွဲတွေကို ရန်ကုန် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

မနေ့က မနက်ပိုင်းကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ သဘောထား ကောက်ခံယူပွဲနဲ့ အတူ အခြေခံ ဥပဒေ အကြောင်း ဟောပြောပွဲ တခုကိုလည်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ နယ် အနောက်ပိုင်း ကျပ်ပြင်မြို့ မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။















No comments:

Post a Comment