Pages

Saturday, March 22, 2014

ဧရာဝတီမဂ္ဂဇင်းကို iPad ကနေ ကြည့်လို့ရပြီ

~


  


အင်္ဂလိပ်ဘာသာနဲ့ လစဉ်ထုတ်ဝေတဲ့  ဧရာဝတီမဂ္ဂဇင်းကို iTune ကနေ တအုပ်  ၁.၉၉ ဒေါ်လာနဲ့ ၀ယ်ယူ ဖတ်ရှုနိုင်ပါတယ်။
အမေရိက၊ ဥရောပ၊ သြစတေးလျဒေသကို ပစ်မှတ်ထားတယ်။ iPad သုံးတဲ့သူတွေကို ရည်ရွယ်တယ်။

ဝယ်ယူနိုင်မယ့်လင့်ကတော့ https://itunes.apple.com/us/app/the-irrawaddy/id806136271?ls=1&mt=8 ဖြစ်ပါတယ်။

ဒီလထုတ်နဲ့ ပြီးခဲ့တဲ့လထုတ်ကို ဖတ်ရှုနိုင်ပါပြီ။
လာမယ့်လတွေမှာလည်း မဂဇင်းဖြန့်တဲ့နေ့မှာပဲ အွန်လိုင်းကနေ ၀ယ်ယူပြီး ဆွဲယူဖတ်ရှုနိုင်မှာပါ။

ယခင် ထုတ်ဝေပြီးသားတွေကိုလည်း တဖြည်းဖြည်းချင်း တင်သွားမှာပါ။

မြန်မာပြည်မှာတော့ အွန်လိုင်းငွေသွင်းမယ့်အစီအစဉ် အဆင်မပြေသေးပါဘူး။

သို့သော်လည်း ဒီအဆင်မပြေမှုကို ကျော်ဖြတ်နိုင်ဖို့အတွက် မြန်မာပြည်က လုပ်ငန်းရှင်တချို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဆက်သွယ်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သူတို့ကြိုးပမ်းတဲ့နည်းလမ်းထဲမှာ ဖုန်းထဲ ငွေဖြည့်သလိုမျိုး ခဲခြစ်ကတ်ပြားနည်းလမ်းလည်း ပါဝင်ပါတယ်။

iPad အသုံးမတွင်သေးတဲ့ မြန်မာပြည်မှာ ဧရာဝတီအသစ်ထွက်ရင် စာအုပ်ဆိုင်အများအပြားမှာ သွားရောက် ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်။ ရောင်းဈေးက တအုပ် ကျပ် ၂,၅ဝဝ ဝန်းကျင်ပါ။

iPad ကနေ ကြည့်လို့ရပေမယ့် တခြားသော တက်ဘလက်တွေကနေတော့ မရသေးပါဘူး။
Google Play Store ကနေ ၀ယ်ယူဖတ်ရှုလို့ရအောင် ဧရာဝတီက စီစဉ်နေပါတယ်။

(စီးပွားရေး ပိတ်ဆို့မှု ခံထားရစဉ်က Google Play Store ကို    မြန်မာ နိုင်ငံကနေ သုံးလို့မရခဲ့ပါ။   Google ဥက္ကဋ္ဌ ပြီးခဲ့တဲ့နှစ် မြန်မာပြည်လာမှ ဖွင့်ပေးလိုက်တာပါ။
ဖွင့်မပေးခင်တုန်းကတော့ အင်တာနက်မြန်နှုန်းနိမ့်တဲ့အခြေအနေမှာ ပိတ်ဆို့မှုအဆင့်ဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးမှ ၀င်ခဲ့ကြ၊ ဂိမ်းတွေ အပလီကေးရှင်းတွေ ဒေါင်းလုတ် လုပ်ကြတယ်လို့ သိရပါတယ်။)



.

No comments:

Post a Comment