Pages

Tuesday, April 29, 2014

သံလျင် ရဲစခန်း ဖုန်းကိစ္စ ???

ရဲစခန်းက ဖုန်းတွေနဲ့ပတ်သက်ပြီး သံလျင်သား တဦးက ဧရာဝတီကို ပေးစာတစောင် ပေးပို့ထားပါတယ်။ စိတ်ဝင်စားစရာ ပေးစာအပြည့်အစုံကို မူရင်း အတိုင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 




ဒီနေ့မှ သိခဲ့တာက ကျွန်တော်တို့နိုင်ငံက ရဲစခန်းဖုန်းတွေက 21504...မြို့နယ်အလိုက် တိုင်းအလိုက် 
ရှေ့က ကုတ်အမည်တွေသာပြောင်းသွားတယ်။ ရဲစခန်းဖုန်းနံပါတ်တွေက အားလုံး အတူတူပါပဲ...။ 

ဒီတော့ အရေးအကြောင်းရှိလို့ ရဲစခန်းကို ဖုန်းဆက်မယ်ဆို 21504 ကိုဆက်ကြရပါတယ်..။ 

199 ကတော့ အရေးပေါ်ဖုန်းဆိုတာတော့ လူတိုင်းနီးပါးသိကြမှာပါ..။

ဖြစ်ချင်တော့ ကျွန်တော်တို့မြို့လေးမှာ အရေးအကြောင်းရှိလို့ အဲ့ဒီဖုန်းကို ဆက်တော့ လူကြီးမင်းနဲ့တွေ့ 
တွေ့နေတယ်..။ 

သေသေချာချာစုံစမ်းကြည့်တော့ အဲ့ဒီ ရဲစခန်းကဖုန်းက ဖုန်းဘေလ် မဆောင်လို့ ပိတ်ထားတာတဲ့ဗျာ..။ 

 ဒါနဲ့ ဆက်သွယ်ရေးကို ဟုတ်မဟုတ် စုံစမ်းကြည့်တော့ 2013 ကတည်းက ဖုန်းဘေလ်မဆောင်လို့ ပိတ်ထားတာပါတဲ့....ဘယ်လောက်လဲဆိုတော့ ၆ သိန်း နီးပါးလောက်ရှိတယ်..။ 

တစ်နှစ်အတွင်း ဖုန်းဘေလ် ၆ သိန်းနီးပါး (အတိအကျဆိုလျှင် ၅၉၄၃၃၈ ကျပ်) ဆိုတော့ မများလွန်းဘူး လားဗျာ...။

မြို့သူမြို့သားတွေ အကြောင်းကြီးငယ်ရှိလို့ ရဲစခန်းကို ဖုန်းဆက်မယ်ဆို ဘယ်လို ဆက်ကြမလဲ????? 

မြို့သူမြို့သားတွေကတော့ ဒီဖုန်းအတွက် ပိုက်ဆံစုပြီး ဖုန်းဘေလ်ဆောင်ပေးကြဖို့ ကြိုးစားနေကြလေရဲ့...။ 

ဒါမှ ကူညီပါရစေ ကို အလွယ်တကူခေါ်လို့ရမှာလေ...။ 

ကဲ ကူညီပါရစေကို အရင် ကူညီပေးလိုက်ကြပါဦး ဗျာ...။ 


ဧရာဝတီရဲ့ ပေးစာကဏ္ဍက ပြန်လည်ဖော်ပြပေးတဲ့ စာတစောင်ဖြစ်ပါတယ်။ 



 

No comments:

Post a Comment