Pages

Friday, April 11, 2014

ဇင်းမယ် ဝပ်ဆိုင်းမွန်းမြန်မာဘုန်းကြီးကျောင်းက စုပေါင်း မယ်သီလရှင်ခံယူပွဲ

ဗုဒ္ဒမြတ်စွာဘုရားရဲ့ သာသနာမှာ ဘိက္ခူနီမ ဆိုတဲ့ အမျိုးသမီးရဟန်းရဟန်းတော်တွေက အထင်အရှား ရှိခဲ့ပါတယ်။ ကနဦးပိုင်းမှာ မြတ်စွာဘုရားက ဘိက္ခူနီမဆိုတာကို လက်ခံခဲ့ခြင်း မရှိပေမယ့် မိထွေးတော် 
ဂေါတမီရဲ့ ကျေးဇူးနဲ့ မြတ်စွာဘုရားက ခွင့်ပြုတော်မူခဲ့တာကြောင့် ဘိက္ခူနီမ သာသနာထင်ရှားခဲ့တာ လည်းဖြစ်ပါတယ်။ 


ဓာတ်ပုံ- ငြိမ်းဇော်/ဧရာဝတီ

မြတ်စွာဘုရားသက်တော် ထင်ရှား ရှိစဉ်ကာလက ရဟန္တာဖြစ်သွားကြတဲ့ ဘိက္ခူနီမတွေလည်း ရှိခဲ့ကြသလို အရိယာ ဘိက္ခူနီမတွေလည်း အလွန်များပြားခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ဘိက္ခူနီ သာသနာ မှေးမှိန် ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာတိုင်းပြည်တချို့မှာ ဘိက္ခူနီမကဲ့သို့ မယ်သီလရှင် အဖြစ် သာသနာ့ဘောင်ကို ၀င်ရောက်ကြတဲ့ အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အများအပြား ပေါ်ထွန်းလာခဲ့ပါတယ်။ 

ဒီသာသနာကို မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေကလည်း တထောင့်တနေရာက ဆက်လက် ထိန်းသိမ်း
စောင့်ရှောက်နေကြပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တခုတည်းသော မြန်မာ ဘုန်းတော်ကြီးကျောင်းဖြစ်တဲ့ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော် ကြီးကျောင်းမှာ ဧပြီလ ၁၀ ရက်နေ့က မနက်ပိုင်း က ပထမဆုံး အကြိမ် သီလရှင် အဖြစ် ခံယူပွဲ အလှူအခမ်းအနားကျင်းပခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ လာရောက်နေထိုင် အလုပ်လုပ်နေကြသူ မြန်မာအမျိုးသမီးတွေရဲ့ မယ်သီလရှင်အဖြစ် ခံယူပွဲက မြင်ကွင်း တချို့ကို ဧရာဝတီက စုစည်းဖော်ပြ လိုက်တာဖြစ်ပါတယ်။ 

နှစ်သစ်ကူး သင်္ကြန်ကာလမှာ အဆိုပါ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ ဝိပဿနာ တရား စခန်းလည်း ဖွင့်လှစ်ထားပြီး ဒုလ္လဘရဟန်း၊ ကိုရင်များနဲ့ သီလရှင်များက ဝိပဿနာတရား ကျင့်ကြံပွား များကြမှာလည်းဖြစ်ပါတယ်။ 












အိမ့်သံစဉ် ~ 











No comments:

Post a Comment