Pages

Saturday, April 5, 2014

ကန်-မြန်မာဆက်ဆံရေး ကောင်းမွန်လာဟု မြန်မာကာကွယ်ရေး ဝန်ကြီး ပြော

မြန်မာနဲ့ အမေရိကန် နိုင်ငံ ဆက်ဆံရေးဟာ မနှစ်က သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အပြီးမှာ ပိုပြီးသိသိသာသာ ကောင်းမွန်လာခဲ့တယ်လို့ အမေရိကန်ကို ရောက်နေတဲ့  မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောလိုက်ပါတယ်။ 

 အမေရိကန်-မြန်မာ စီးပွားရေးဆိုင်ရာဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲ မြင်ကွင်း၊ ဓာတ်ပုံ- salon.com


အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံနိုင်ငံတွေအကြား ပထမဆုံး အကြိမ် ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံမှုမှာ မြန်မာနိုင်ငံက နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံး အမေရိကန် ပြည်ထောင်စု
ရောက် မြန်မာကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ဗွီအိုအေ သတင်းဌာနကို အဲဒီလို ပြော လိုက်တာပါ။ 

ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel နဲ့လည်း ပထမဆုံး အကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ကြတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။ 

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel ကတော့ လူ့အခွင့်အရေးကို လေးစားတန်ဘိုးထားတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေး အားနည်းတဲ့ မိတ်ဖက် နိုင်ငံတွေကိုလည်း လက်တွဲ 
ခေါ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း ပြောဆိုသွားတယ်လို့ ဗွီအိုအေ သတင်းက ဆိုပါတယ်။ 

မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုအကြား စစ်ရေးဆက်ဆံရေးဟာ သိပ်ကို စောလွန်းနေသေးတယ်လို့ အမေရိကန် အမတ်တွေကလည်း ဝေဖန်ထောက်ပြနေချိန်မှာ အခုလို တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 






 

No comments:

Post a Comment