Pages

Saturday, April 26, 2014

မန္တလေးမှာ တယ်လီဖုန်းသုံးသူတွေ ဆန္ဒပြကြမယ်

~

 


မန္တလေးဘက်မှာ တယ်လီဖုန်းသုံုံးသူတို့ရဲ့ လှုပ်ရှားမှုတခုကို လာမယ့် လဆန်းပိုင်းမှာ တွေ့ရပါတော့မယ်။

အဲဒါကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆန္ဒပြခြင်းပါပဲ။

 


 (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)
၁၅ဝဝ တန် ဖုန်းကတ် မှောင်ခိုဈေးကွက်ကြီးဖြစ်နေခြင်း၊ ဖုန်းလိုင်း အသုံးမကျခြင်း၊ အဲဒီ အသုံးမကျတဲ့ ဖုန်းလိုင်းကနေ အင်တာနက်သုံးရင် အဆင်မပြေခြင်းတို့ကလည်း မန္တလေးမှာ ဖြစ်နေတာပါ။

ဆန္ဒပြမယ် ဆိုတဲ့ သတင်းက သောကြာနေ့ထုတ် The Voice သတင်းစာ စာမျက်နှာ ၁၀ မှာ ရေးထားပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းက မျှဉ်းပြီးတော့ ပြည်သူ့ငွေကို ညှစ်ယူလာတာ ဝန်ဆောင်မှုကျတော့လည်း အဆင်ပြေအောင် လုပ်ထားတယ် မရှိဘူး လို့ ဒေသခံ ဦးညီကျော်ရဲ့ ပြောဆိုချက်ကိုလည်း သတင်းထဲ တွေ့ရပါမယ်။

ဆန္ဒပြကြမှာကတော့ ကုန်းဈေးနှုန်းကျဆင်းရေးအဖွဲ့ ဖြစ်ပါတယ် တဲ့။

မည်သို့မည်ပုံ မည်သည့်နေရာ မည်သည့်အချိန်မှာ ဆန္ဒပြမယ် ဆိုတာကိုတော့ သတင်းထဲ မတွေ့ရပါ။
တိုင်ပင်စီစဉ်ဆဲဖြစ်မယ်လို့ ထင်ပါတယ်။

ဆန္ဒပြခွင့်ပြုရေးအတွက် လျှောက်လွှာတင်မယ်၊
လျှောက်လွှာတင်တာကိုမှ ခွင့်မပြုဘူးဆိုရင်လည်း ဆန္ဒပြမှာပါပဲ တဲ့။

အသုံးမကျတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဒီနည်းနဲ့ တုန့်ပြန်တာဟာ အနူးညံ့ဆုံး တုန့်ပြန်ခြင်းပါပဲ။

ရဲတပ်ဖွဲ့က ဒါကို ခွင့်ပြုမယ်လို့ ယူဆရပါတယ်။

ခွင့်မပြုဘူး ဆိုရင်တော့ ဒီရဲနဲ့ ဒီဆက်သွယ်ရေးကို ကျိန်ဆဲကြမှာဖြစ်ပါတယ်။
 



.

No comments:

Post a Comment