Pages

Saturday, April 26, 2014

နယူးယောက်မှာ လမ်းဘေးရောက်နေတဲ့ ရစ်ချက်ဂီရီ

~



 -
နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ Pretty Woman နဲ့  An Officer and a Gentleman တို့မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ မင်းသားချောကြီးက အင်မတန် သရုပ်ဆောင်ကောင်းတယ်လို့ ဆိုရပါမယ်။

မကြာသေးခင်က နယူးယောက်မြို့မှာ အိမ်ယာမဲ့ လမ်းပေါ်ကလူအဖြစ် ရပ်ကွက်ထဲဝင်ပြီးသရုပ်ဆောင်ရာမှာ နယူးယောက်သားတွေက သူ့ကို တကယ်ပဲ အိမ်ယာမဲ့ လမ်းဘေးနေသူအဖြစ် ထင်မှတ်ခဲ့တယ် လို့ http://nypost.com မှာ ဖော်ပြထားပါတယ်။

ရစ်ချက်ဂီရီ - Richard Gere က လမ်းဘေး လျှောက်နေတဲ့ပုံကို လမ်းတဘက်ကမ်းကနေ ကင်မရာတွေနဲ့ လှမ်းရိုက်နေတာပါ။
ကင်မရာတွေကို သတိပြုမိတဲ့သူ ရှိကြပေမယ့် ဘာကိုရိုက်နေမှန်းတော့ မသိကြဘူးလို့ ဆိုတယ်။

သဘောကောင်းတဲ့အမျိုးသမီးတယောက် သူ့ကို အစားအစာပေးပါတယ်။
သူက ယူတယ်၊ ပြုံးပြတယ်၊ ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ် တဲ့။

 


မင်းသားကြီးက အသက် ၆၄ နှစ် ရှိပါပြီ။ လမ်းဘေးလျှောက်၊ အမှိုက်ပုံးထဲ ဟိုရှာဒီရှာ လုပ်ပြတဲ့
သူ့ရဲ့ သရုပ်ဆောင်ချက်က ပီပြင်တဲ့အတွက် နယူးယောက်မြို့သူမြို့သားတွေကို အကြောင်ရိုက်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ 



.

1 comment: