Pages

Sunday, April 6, 2014

မလေးရှားလေယာဉ်ဆီက လို့ ယူဆရတဲ့ အချက်ပြမှု တရုတ်သင်္ဘော ရရှိပြီ

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်း MH 370 ဘိုးရင်း ၇၇၇ လေယာဉ်ရဲ့ Black Box က လို့ ယူဆရတဲ့ လွင့် ထုတ်နေတဲ့ အချက်ပြလှိုင်းကို အိန္ဒိယ သမုဒ္ဒရာမှာ လေယာဉ်ပျောက်ရှာနေတဲ့ တရုတ် သင်္ဘောတစီးက စနေနေ့က လက် ခံရရှိတယ်လို တရုတ်နိုင်ငံ ဆင်ဝှာ သတင်းဌာနက ထုတ်ပြန်ကြေညာ လိုက်ပါပြီ။ 

 မလေးရှားလေကြောင်းလိုင်းက MH 370 ဘိုးရင်း ၇၇၇ ဂျက်လေယာဉ်

ဒါပေမယ့် အခုထိတော့ အခု ရတဲ့ အချက်ပြ လှိုင်းဟာ ပျောက်ဆုံး မလေးရှားလေယာဉ် MH 370  
လေယာဉ်ဆီက ထုတ်လွှင့်လာတာ ဖြစ်တယ် လို့တော့ အတည်ပြုခြင်း မလုပ်သေးပါဘူး။ 

ဆင်ဝှါသတင်းဋ္ဌာနက ပြောတာမှာတော့ လေယာဉ်ရှာဖွေရေး တရုတ်သင်္ဘော Haixun 01 ဟာ အရှေ့
လောင်ဂျီတွဒ် ၁ဝ၁ ဒီကရီနဲ့ တောင် လတ္တိကျု ၂၅ ဒီကရီ ဝန်းကျင်ကနေ ထုတ်လွင့်လာတဲ့ အချက်ပြမှုကို လက်ခံရရှိထားတာဖြစ်တယ်လို့ ဆိုပါ တယ်။ 

ဒါဟာ ပျောက်ဆုံး ဂျက်လေယာဉ်နဲ့ ဆက်နွယ်တယ်၊ မဆက်နွယ် ဘူးဆိုတာတော့ အတည်မပြုသေး ပါဘူးလို့ ဆင်ဝှါ က ဖော်ပြပါတယ်။ 

ပျောက်ဆုံး မလေးရှားလေယာဉ် MH 370 ရဲ့ Black Box ဆီက လာတဲ့ အချက်ပေးသံဆိုတာ သေချာ ရင်တော့  လေယာဉ်ဟာ ဘယ်လို အခြေအနေဖြစ်ခဲ့တယ်ဆိုတာ အဖြေရှာလို့ ရမှာဖြစ်ပါတယ်။ 

မလေးရှားလေယာဉ် ပျောက်ဆုံးသွားခဲ့တာ လာမယ့် တနင်္လာနေ့မှာ ရက် ၃ဝ ပြည့်မှာ ဖြစ်သလို Black Box ရဲ့ ဘက်ထရီက  လာမယ့် တနင်္လာနေ့ဆိုရင် ကုန်ဆုံးတော့မှာ ဖြစ်လို့ အခုတော့ ရှာဖွေရေးကို  ပိုပြီး အရှိန်မြှင့်နေတယ်လို့ ဆိုပါတယ်။


အိမ့်သံစဉ် ~ 








No comments:

Post a Comment