Pages

Friday, April 25, 2014

သတင်းသမားများကို လိမ်ညာပြီး နေပြည်တော် ခေါ်ယူခြင်း

~


 

 .
နေပြည်တော်မှာ အာဆီယံဥက္ကဋ္ဌနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲလုပ်မယ်၊ သတင်းယူမယ့်သူ စာရင်းပေးပါလို့ ဆိုတယ်။

သတင်းဌာနတချို့လည်း  ခရီးစရိတ်၊ အသုံးစရိတ်၊ တည်းခိုစရိတ်တွေ အများကြီးအကုန်ခံပြီး  သူတို့ရဲ့ သတင်းသမားတွေကို နေပြည်တော် ကမန်းအတန်း လွှတ်ကြတယ်။ အချိန်အကုန်ခံပြီး သွားကြတယ်။

ပြီးခဲ့တဲ့ ၂၃ ရက်နေ့ သတင်းထောက်တွေ နေပြည်တော်ရောက်တော့ အလိမ်ခံလိုက်ရမှန်း တဖြည်းဖြည်း သဘောပေါက်သွားကြပါတယ်။

၁။ ကြေညာထားတဲ့နေရာမှာ  ရှင်းလင်းပွဲမလုပ်ဘူးလို့ ဆိုတယ်။
၂။ ဖိတ်ခေါ်တုန်းကပြောတဲ့ အာဆီယံ
ဥက္ကဋ္ဌ ဆိုတဲ့ အကြောင်းအရာကို မရှင်းဘဲ စာချုပ်ချုပ်ဆိုခြင်း အကြောင်း ရှင်းလင်းတာလို့ ဆိုတယ်။

ဘာကြောင့် ဒီလို လိမ်ရတာလဲ။

နိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူထားတယ်၊ ဒီကာလမှာပဲ အာဆီယံစီးပွားရေးအသိုက်အ၀န်းတည်ထောင်တဲ့အစီအစဉ်တွေ ရှိတယ် ဆိုတော့ သတင်းသမားတွေက အာဆီယံဆိုင်ရာ အကြောင်းအရာတွေကို  လေ့လာထားကြ၊ သင်တန်းတက်ဖို့ အခြေအနေပေးသူတွေလည်း သင်တန်းတက်ကြတာပေါ့။

အခုတော့ ... ဟိုရောက်မှ အာဆီယံအကြောင်းရှင်းလင်းပွဲမဟုတ်ဘဲ တခြားသော ကြော်ငြာကိစ္စတွေ ဖြစ်နေတယ်လို့ ဆိုတယ်။

ဘာကြောင့် ဒီလို လိမ်ရတာလဲ။

ဒီလို တပတ်ရိုက် လိမ်ညာခေါ်ရခြင်းရဲ့နောက်ကွယ်မှာ ဘာရှိသလဲ။

နေပြည်တော်ရပ်ဝန်းမှာ နားလည်မှု၊ ဆက်သွယ်မှု အားနည်းချက်ကြောင့် ဒီလို လိမ်ညာသလို ဖြစ်သွားတာလား။

ရည်ရွယ်ချက်ရှိရှိ လိမ်ခေါ်လိုက်တာလား။

ဒီဘလော့ http://blog.irrawaddy.org မှာပဲ အပိုင်း ၂ ကို မနက်ဖြန် ဆက်လက် ဖော်ပြပါမယ်။



.

1 comment:

  1. အဘဦးဝင်းတင်၏ဈာပနတွင်သတင်းမီဒီယာများစုဝေးမှု့ ကိုမရှိစေလိုသောကြောင့်ဖြစ်နိုင်ပါသည်

    ReplyDelete