Pages

Friday, April 4, 2014

ရဟတ်ယာဉ် ပိစိ - အပိုင်း ၂

~

 

 .
 .
ပန်ကာထိပ်မှာတပ်ထားပြီး လေထဲ လျှောက်ပျံနိုင်တဲ့ပစ္စည်းမို့ ရဟတ်ယာဉ် ပိစိ လို့ ခေါင်းစဉ်တပ်ထားတာပါ။

မောင်းသူမဲ့ယာဉ် unmanned aerial vehicles (UAV) လို့ ခေါ်ကြပြီး ဒရုန်း drone  လို့လည်း ခေါ်ကြပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေမှာ ပစ္စည်းသယ်ယူပို့ဆောင်ခြင်းအားဖြင့် ကောင်းကောင်း အသုံးတည့်မယ် ဆိုတဲ့ ရဟတ်ယာဉ်ပိစိရဲ့ တန်ဘိုးက ဘယ်လောက် ရှိပါသလဲ။

ယာဉ်တစီးကို ကျပ် သိန်း ၁ဝဝ နီးပါး ဖြစ်ပါလိမ့်မယ် တဲ့။
မြေပြင်စခန်းတခု တည်ဆောက်ရေးက ကျပ် သိန်း ၅ဝ နီးပါး ကျသင့်ပါမယ်။
တည်ဆောက်တပ်ဆင်ခြင်း၊ ကိုင်တွယ်ကြမယ့်ဝန်ထမ်းတွေကို သင်တန်းပေးခြင်းကလည်း သိန်း  ၁၅ဝ လောက် ကုန်ပါမယ်။

ရာသီဥတုကောင်းရင် ဒီကောင်က ၆ မိုင်လောက် ပျံနိုင်မှာပါ။

စမ်းသပ်ဆဲကာလ ဖြစ်တဲ့အတွက် အနာဂတ်မှာ ဒီယာဉ်ပျံက ဝေးဝေး မြင့်မြင့် ပျံနိုင်မယ်၊ ဒီထက်ပိုပြီး သယ်နိုင်မယ် လို့ ယူဆသူလည်း ရှိပါတယ်။
ဈေးနှုန်း ဒီထက် ပိုသက်သာလာမယ်လို့တောင် ယူဆနေကြတာပါ။

ဒီ လောကဓာတ်ယာဉ်ပျံနဲ့ ဆေးဝါး ပေးပို့တာကတော့ ဟုတ်ပါပြီ၊ ဒီဆေးပစ္စည်းတွေ ရောက်သွားတဲ့နေရာမှာ ဒီဆေးတွေ သေချာ သုံးစွဲနိုင်ရေး လေ့ကျင့်ထားသူ ရှိဖို့လည်း အရေးကြီးပါလိမ့်မယ်လို့ ထောက်ပြသူလည်း ရှိပါတယ်။

လူမောင်းနှင်တဲ့ ရဟတ်ယာဉ် အသေးစား သုံးရင်လည်း ရတာပဲ လို့ စောဒက တက်လိုသူလည်း ရှိနိုင်ပါတယ်။
ရဟတ်ယာဉ် သုံးဖို့ အခြေအနေ မပေးဘူးဆိုရင်တော့ ဒါကို သုံးရတော့မှာ ဖြစ်ပါတယ်။

အထူးသဖြင့် အကူအညီပေးရေးအဖွဲ့တွေ ဒီ ရဟတ်ယာဉ် ပိစိကို မှာယူ သုံးစွဲကြလိမ့်မယ်လို့ ထုတ်လုပ်သူတွေက မျှော်လင့်နေကြပါတယ်။

ဆက်စပ် - 

ရဟတ်ယာဉ် ပိစိ  - အပိုင်း
http://blog.irrawaddy.org/2014/04/blog-post_3.html
 

photo -  www.theguardian.com


.

No comments:

Post a Comment