Pages

Friday, April 11, 2014

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်နှင့် ဦးသိန်းစိန် ရခိုင်အရေးဆွေးနွေး

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Mr. Daniel R. Russel က မြန်မာနိုင်ငံ၏ ဖြစ်စဉ်များကို အနီးကပ်လေ့လာ စောင့်ကြည့်နေပြီး ခိုင်မာစွာ ထောက်ခံအားပေးလျက်ရှိကြောင်းနှင့် ဒီမိုကရေစီ 
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကိုလည်း ထောက်ခံ ကြောင်း ယမန်နေ့က ပြောကြားသည်။


သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး၊ ဓာတ်ပုံ-သမ္မတရုံး ဝက်ဆိုက်

သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရေး၊ ကုသလမဂ္ဂနှင့် နိုင်ငံတကာ NGO များ လုံခြုံမှုရ ရေး၊ လူသားချင်း စာနာသည့် အကူအညီများ ပေးရေးလုပ်ငန်းများ ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိရေး စသည်တို့ကို ဆွေးနွေး ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် တွင် 
ဖော်ပြထားသည်။ 






No comments:

Post a Comment