Pages

Friday, April 4, 2014

ရန်ကုန်တိုင်းတွင်း ဟိုင်းလပ်စ်ယာဉ်ပြေးဆွဲမှု ဧပြီလကုန်ထိ တိုးချဲ့

ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်တင် ဟိုင်းလပ်စ်ကား ပြေးဆွဲမှုကို မထသ ( ဗဟို) က ဧပြီလကုန်အထိ တိုးချဲ့ပြေးဆွဲခွင့်ပေးလိုက်ပါတယ်။ 

 ရန်ကုန်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တဦး၊ ဓာတ်ပုံ- ဧရာဝတီ

ယာဉ်အန္တရာယ် ကင်းရှင်းဖို့နဲ့ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အဆင့်မြှင့်တင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ပြီး ခဲ့တဲ့ ဒီဇင်ဘာလ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၃ မြို့နယ်မှာ ခရီးသည်တင် ဟိုင်းလပ်စ်ကား ပြေးဆွဲမှုကို ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ 

ခရီးသည်တင်ဟိုင်းလပ်စ်ကားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိသာပြေးဆွဲခွင့်ရှိခဲ့ပြီး 
ဖေဖော်ဝါရီ လ ၂၈ ရက် နောက်ပိုင်း ပြေးဆွဲမှု ကန့်သတ်ပိတ်ပင်ခဲ့ပြီး ဟိုင်းလပ်စ် လိုင်းကားတွေအစား ဝန်ဆောင်မှု ပိုကောင်း တဲ့ မီနီ ဘတ်စ်ကားတွေကို အစားထိုးဖို့ ညွှန်ကြားခဲ့တာပါ။ 

ဒီကိစ္စအပေါ် မကျေနပ်ကြတဲ့ ဟိုင်းလပ်စ်ယာဉ်ပိုင်ရှင်တချို့လည်း ဆန္ဒဖော်ထုတ်မှုတွေ လုပ်ခဲ့ကြသလို မနေ့က တော့ မထသ ( ဗဟို) က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ဟိုင်းလပ်စ်ကားပြေးဆွဲမှုကို အခု ၂ဝ၁၄ ခုနှစ် နှစ် ကုန် ထိ ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ ဒီကနေ့ သတင်းစာက ဖော်ပြပါတယ်။ 

လိုင်စင်ရ ခရီးသည်တင် ဟိုင်းလပ်စ် ယာဉ်တစီးဟာ တကယ်တမ်း ဥပဒေအရ လူ ၁၇ ဦးသာ တင်ဆောင် ခွင့် ပြုတာဖြစ်ပြီး တကယ်တမ်းမှာ အမိုးပေါ်၊ ဘေးတွယ်နဲ့ ယာဉ်နောက်မှာပါ တွဲခိုစီးမှုတွေရှိတဲ့အပြင် ကုန်တင်တာ တွေလည်း ရှိတယ်လို့ မထသ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာက ဖော်ပြပါ တယ်။ 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ဟိုင်းလပ်စ်ကား ယာဉ်လိုင်းပေါင်း ၄၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၈၁၄ စီးရှိတယ် လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။ 


အိမ့်သံစဉ် ~ 


 






 

No comments:

Post a Comment