Pages

Saturday, April 5, 2014

ကမ္ဘာ့ Sexy အဖြစ်ဆုံး ကမ်းခြေ

အခု ၂ဝ၁၄ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ Sexy အဖြစ်ဆုံး ကမ်းခြေဟာ Ipanema ကမ်းခြေ ဖြစ်လာမယ်ဆို တာကို မနှစ်ကတည်းက ခန့်မှန်း ပြောဆိုခဲ့ကြပါတယ်။ 

 ဓာတ်ပုံ- Orion Press/Stone

ဒီ ကမ်းခြေဟာ ဘရာဇီးနိုင်ငံ Rio de Janeiro မှာ ရှိတာဖြစ်ပြီး အလွန်လှပ ကျက်သရေရှိကာ Ipanema ကမ်းခြေရဲ့ အဆုံး အနောက်ဘက်မှာလည်း တောင်ညီနောင်လို့ ခေါ်တဲ့ "Dois Irmãos" တောင် ၂ လုံးက ပင်လယ်ပြာနဲ့ တင့်တယ် လှပနေတာ တွေ့ရပါလိမ့်မယ်။ 

ဒီကမ်းခြေမှာ ဘီယာလည်း ရောင်းချပေးသလို ကမ်းခြေမှာ လာရောက် အပမ်းဖြေလာတဲ့သူတွေအနေနဲ့ စက်ဘီးစီးတာ၊ ဘောလုံးကစားတာ၊ ဘော်လီဘော ကစားတာ စတဲ့ အားကစားနည်းမျိုးစုံလည်း ဆန်းသစ် တီထွင်ကစားလို့ရနိုင်ပါသေးတယ်။ 

ဘရာဇီး အာဏာပိုင်တွေကလည်း ဒီကမ်းခြေကို နိုင်ငံတကာ ဧည့်သည်တွေ စိတ်ချမ်းသာစေရေး ဝန်ဆောင်မှုတွေကို အကောင်းဆုံး စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။ 

ဆောင်းတွင်းဘက်ဆိုရင် ပင်လယ် လှိုင်းလုံးတွေဟာ အမြင့် ၉ ပေထိ ရှိတတ်ပြီး ပင်လယ်ရေ ကြည်ပြာ
ရောင် အလင်းက ကောင်းကင်ကို ထင်ဟတ်ပြီး မိုးသည်းသည်း ရွာသွန်းမယ်ဆိုရင်တော့ ရေပြင်ဟာ စိမ်းညှို့သွားတယ်လို့ ဆိုပါတယ်။ 

ကမ်းခြေဟာ အမြဲ သန့်ရှင်း နေသလို ရေကလည်း အမြဲ ကြည်လင်နေပါတယ်တဲ့။ သပ်ရပ် ချောမော လှပတဲ့ လူငယ် အမျိုးသား အမျိုးသမီးတွေ အထူးနှစ်ခြိုက်တဲ့ ကမ်းခြေဖြစ်ပါတယ်တဲ့။

  


အိမ့်သံစဉ် ~ 









No comments:

Post a Comment