Pages

Monday, April 7, 2014

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ UWSA, SSA (ဝမ်ဟိုင်း) အဖွဲ့တို့ တွေ့ဆုံ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက UWSA “၀” အဖွဲ့မှ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ဦးဆောင်တဲ့ အဖွဲ့နဲ့ SSA (၀မ်ဟိုင်း) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခေးတိုင်း ဦးဆောင်သည့် အဖွဲ့တို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ 

 U.W.S.A အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံစဉ်၊ ဓာတ်ပုံ- Senior General Min Aung Hlaing's facebook

အဆိုပါ တွေ့ဆုံမှုကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ 
မြန်မာ့ အသံက ပြောပါတယ်။ 

S.S.A ( ဝမ်ဟိုင်း) အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံတွေ့ဆုံစဉ်

တွေ့ဆုံရာမှာ ကာ/ချုပ်က ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ယုံကြည်မှုတည်ဆောင်နိုင်ကြမှာဖြစ်သလို နိုင်ငံ လုံခြုံရေး ကို ကာကွယ်စောင့်ရှောက်နိုင်မှာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းမှာ အတူ လက်တွဲ လျှောက်လှမ်းဖို့ လိုအပ်ကြောင်းတို့ကို ပြောဆိုတယ်လို့လည်း သိရပါတယ်။

ပြည်သူဟာ မိဘဖြစ်သလို တိုင်းရင်းသား အားလုံးဟာလည်း မိသားစုများပင်ဖြစ်လို့ ပြည်သူကို ထိခိုက်
နစ်နာမှု မရှိအောင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကို မျိုးဆက်သစ်တွေကို 
လေ့ကျင့်သင်ကြားပေးဖို့ လိုကြောင်းတို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး တွေ့ဆုံမှု အပြီးမှာ အမှတ်တရ လက်ဆောင်တွေ ပေးခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။

မြန်မာ့အသံရဲ့ သတင်းကြေညာမှုကိုလည်း အခုလို ကြားမြင်ရမှာဖြစ်ပါတယ်။

  


အိမ့်သံစဉ် ~









No comments:

Post a Comment