Pages

Thursday, May 1, 2014

ဆုပန်ထွာက စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံရမှုကို တုံ့ပြန်ပြီ

သရုပ်ဆောင် ဆုပန်ထွာကတော့ သူ့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကန့်ကွက်ခံထားရတာကို တုံ့ပြန်လိုက် ပါပြီ။ 

 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ် 

ပြီးခဲ့တဲ့ ရက်ပိုင်း က သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့လူသိရှင်ကြား စေ့စပ်ကြောင်းလမ်းခြင်း အပေါ် ကိုဥက္ကာကျော်ရဲ့ ဇနီး အဖြစ် တရားဝင် ပြန်စဲတာမရှိသေးဘူးဆိုတဲ့ ဒေါ်မဉ္စူအောင်ရဲ့ ကန့်ကွက်စာ ကို နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ထည့်သွင်းဖော်ပြခဲ့တာ ဧရာဝတီပရိသတ်တွေ ကောင်းကောင်း သိကြ မှာပါ။ 

ဒီကိစ္စအပေါ် ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။



ပန်ပန်ပရိတ်သတ်များအားလုံးပန်ပန်အတွက် စိတ်ပူပေး ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ 
နိုင်ငံပိုင်သတင်းစာတွေထဲမှာကိုဥက္ကာကျော်ဘက်မှလဲရှေ့နေ ကတဆင့်ပြန်လည် ရှင်းလင်းသွား မှာဖြစ်ပါတယ်။ 
ပန်ပန်ကိုယ်တိုင်လဲ တဦးချင်း မဖြေကြားနိုင်တဲ့အတွက် ပန်ပန့်ရဲ့ facebook နှင့် စာနယ်ဇင်းများကနေ တဆင့်ပြန်လည် ရှင်းလင်းအသိပေးသွားမှာဖြစ်ပါတယ်။ 

စိတ်ပူပေးကြတဲ့ သူများအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်... 

ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးလိုက်တာပါ။

 သတင်းစာမှာ တဖက်က ကြေညာအပြီး ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကနေ ထပ်မံ ရှင်းလင်းပြီး အမှန်တရားဟာ ပေါ်ပေါက်လာမှာဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုနဲ့ ပတ်သက်ပြီး ဒီဘလော့မှာ ရေးပြီးပါပြီ။ ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက် http://blog.irrawaddy.org/2014/04/blog-post_11.html မှာ ဖတ်နိုင်ပါတယ်) 



အိမ့်သံစဉ် ~ 









 

6 comments:

  1. မဆုပန်ထွာ အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ စကားစုကို နားလည်ပေးနိုင်ပေမယ့် ကျွန်တော်တော့ လက်မခံနိုင်ဘူးဗျ။ အစ်မအနေနဲ့ အခြား ရွေးချယ်နိုင်တဲ့ အခွင့်အရး များစွာရှိရက်နဲ့ ဗျာ၊ ဘယ်လိုလို့ ကလေးတစ်ယောက်ရဲ့ ဖခင်ကိုမှရွေးချယ်ရတာပါလိမ့်။ ကျွန်တော့်ခံယူချက်အရဆိုရင် ကွာရှင်းထားတဲ့ ဇနီးနဲ့ ကလေးပါသက်ရှိထင်ရှားရှိနေတဲ့ အနေအထားဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ပရိသတ် တစ်ယောက်အနေနဲ့ ထင်မြင်မိပါတယ်ဗျာ။

    ReplyDelete
  2. I don't normally come to Irrawaddy to read celebrity news.

    ReplyDelete
  3. ​သေချာပြန်​လဲစဉ်းစားပါ အစ်​မ

    ReplyDelete
  4. ကိုယ့်မချစ်တော့တဲ့ယောက်ကျားတစ်ယောက်ကိုဘာလို့အတတင်းလိုက်ဆွဲနေတာပါလိမ့်

    ReplyDelete
  5. ဆုပန်ထွာ ခင်ဗျားကို မစိုးရိမ်ပါဘူး၊ သူတပါးယောင်္ကျားကို ခိုးရင် ခင်ဗျားပဲ နာမည်ပျက်မှာ၊ တရားဝင် မကွာရှင်းရသေးကြောင်း မိန်းမတန်မဲ့တရားဝင် အကြောင်းကြားနေပြီကို ဆက်လုပ်ရင် ၊လင်ခိုးမ ဆိုတဲ့နာမည် မယူပါနဲ့၊ ကိုယ်က အရပ်သူလဲ မဟုတ်ဘူး၊ Celebrity တယောက်နော်၊

    ReplyDelete
  6. အရင် မိန်းမကို ကွာခဲ့တဲ့သူက မင်းကိုကော အခက်မသင့်ရင့့်  ဆိုတာတွေ ရှိတယ် ကိုယ်ချစ်လိုယူတာယူလို့ရတယ် ယူပြီးရင် မကွဲနဲ့ ကွဲခဲ့ရင် နောက်တစ်ယောက်ယူရင် သူ့မှာ မေတ္တာမရှိလို့ပဲ

    ReplyDelete