Pages

Wednesday, May 14, 2014

ဗိုလ်တထောင်စေတီရောက် အလှမယ် ဂျူးစံသာ

~
 


အလှမယ်  Miss Globe Myanmar ဂျူးစံသာ မနေ့က ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားကို သွားရောက်ခဲ့ကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ အလှမယ် ဂျူးစံသာက Miss Globe International 2014 ဆိုတဲ့ ပြိုင်ပွဲကို လာမယ့်လလယ်ပိုင်း အဇာဘိုင်ဂျန်နိုင်ငံမှာ သွားပြိုင်ပါမယ်။

ပြိုင်ပွဲမှာ ဆီမီးခွက်အကစွမ်းရည်ပြဖို့အတွက်လည်း အစီအစဉ်ရှိကြောင်း ဂျူးစံသာက သတင်းဌာနတွေကို ပြောပါတယ်။

အင်မတန် တင်ဆက်ရ ခက်ခဲတဲ့ ဆီမီးခွက်အက ဆိုတာ မြန်မာပြည်သား အများအပြားအတွက်ပါ ထူးခြားနေပြီး နိုင်ငံတကာ ပြိုင်ပွဲမှာလည်း ထူးခြားတဲ့ အရည်အချင်းတခု ဖြစ်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့လမှာတော့ ဂျူးစံသာက ဖိလစ်ပိုင်မှာ ရှိနေပြီး မယ်ပြိုင်ပွဲကြီးတွေအတွက် ပြင်ဆင် လေ့ကျင်ခဲ့သူပါ။






.




No comments:

Post a Comment