Pages

Thursday, May 15, 2014

လေအေးစက် မိတ်အင်ကမ္ဘောဒီးယား

~

 


 
~
ကမ္ဘောဒီယားက လေအေးစက် ဆိုပြီး သတင်းထောက်တယောက်က အွန်လိုင်းမှာ မျှဝေထားတဲ့ပုံပါ။

သူက -
ကမ္ဘောဒီးယား နိုင်ငံမှာ လျှပ်စစ်မီးဖိုးက တစ်ယူနစ်ကို ကျပ် 200 ကနေ 400 အထိပေးရတယ်။ လေအေးစက်တတ်နိုင်တဲ့အိမ်က ငွေကြေးပြေလည်သူ လို့ သတ်မှတ်ကြတယ်။
ငွေကြေးမတတ်နိုင်သူတွေကတော့ ဖေါ့တုန်းဖါထဲမျာ ရေခဲတုန်းထည့် ပြီးတော့ ပုံထဲကအတိုင်းအပေါ်မှာ ပန်ကာပေါက်ဖေါက်ပြီး ပန်ကာဖွင့်တယ်။
ဘေးမှာက ရေပိုက်စွတ်ထည့်ထားတဲ့အတွက် အအေးဓါတ်က အဲ့ဒီရေပိုက်ကနေ ထွက်တယ်။ အလုပ်ဖြစ်တယ်လို့ တော့ ပြောတယ်။ ဒီနည်းလည်းမဆိုးဘူးထင်တယ်
လို့ ရေးပါတယ်။

သူ့မိတ်ဆွေတယောက်ကတော့  ရေခဲဝယ်ရခက်မယ်၊   ပန်ကာ လည်နေတုန်း မီးဖြတ်ခံရတာနဲ့ ကြုံနိုင်တယ် စသဖြင့် မှတ်ချက်ပြုပါတယ်။

ဒီပုံအကြောင်း ထိုင်းနိုင်ငံက ဖေ့စ်ဘုတ်သမားတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြတာပါ။
တချို့ကလည်း ပန်ကာနောက်မှာ ရေခဲပုလင်းချိတ်ထားခြင်းဖြင့် လေအေးမြမြ ရရှိကြပါကြောင်း မှတ်ချက်ပြုပါတယ်။

ဒီစိတ်ကူးတွေက ရယ်စရာ ကောင်းပေမယ့် လိုအပ်လာရင် လုပ်သင့်ပါတယ်။
လေအေးစက် ဆိုတာမျိုးက မီးအားမပြည့်ရင် အလုပ် မလုပ်ပါ။

ဒါကြောင့် လေအေး ရရှိဖို့အတွက် ပန်ကာ နဲ့ ရေခဲကို တွဲဖက်သုံးတဲ့ စိတ်ကူးကို လိုအပ်သလို လက်တွေ့ အကောင်အထည်ဖော်ကြတာ ဖြစ်ပါလိမ့်မယ်။

ကမ္ဘောဒီးယားလုပ်
လေအေးစက် ဆိုတာက ကိုရီးယားနဲ့ ဂျပန်မှာ လုပ်တဲ့ လေအေးစက်တွေထက် ပိုပြီး အကုန်အကျ နည်းပါး၊ ဓာတ်အားလိုအပ်မှု ပိုပြီး နည်းပါးတဲ့အတွက်
အပူရှိန်ကြီးမားလာတဲ့ ဒီနေ့ကာလမှာ စမ်းသပ်သုံးစွဲကြသူတချို့ ရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။




.

1 comment:

  1. original is not from Cambodia. Check here >> https://www.youtube.com/watch?v=HxSLbpAwibg

    ReplyDelete