Pages

Thursday, May 15, 2014

ကိုဇော်ဖေလွတ်မြောက်ရေး ဘားမားကင်ပိန်း ယူကေရဲ့ ကြိုးပမ်းမှု

ဖမ်းဆီးထောင်သွင်း အကျဉ်းချခံထားရတဲ့ DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် ဗြိတိန်အခြေ စိုက် ဘားမား ကင်ပိန်း ယူကေအဖွဲ့က ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟေ့ဂ်ကို ပုဂ္ဂိုလ်ရေး အရ ၀င်ရောက်ဖြေရှင်း ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ 

ကိုဇော်ဖေနဲ့ မိသားစု၊ ဓာတ်ပုံ- DVB

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနဲ့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ဟာ မကွေးတိုင်း ပညာရေးဋ္ဌာန ကို သွားရောက်ကာ သတင်းအတည်ပြုချက်ရရေး မေးမြန်းဖို့ သွားတာကို ငြင်းပယ်ခံခဲ့ရပြီး တာဝန်ဝတ္တရား နှောက် ယှက်မှုနဲ့ စွပ်စွဲပြီး သူတို့ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 

ကိုဇော်ဖေနဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ဒေသဆိုင်ရာ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး သရက်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ 

အဲဒီလို သတင်းထောက်ကို ဖမ်းဆီးတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးသေးတာနဲ့ပတ်သက်ပြီး ဘားမား ကင်ပိန်း ယူကေက ဗြိတိန်ပြည်သူတွေနဲ့ မြန်မာ့အရေးထောက်ခံသူတွေဟာ ဗြိတိန် နိုင်ငံခြားရေး ဋ္ဌာနကို စာ ရေးပြီး မြန်မာနိုင်ငံမှာ သတင်းထောက်တွေဖမ်းဆီးတာနဲ့ နိုင်ငံရေး အကျဉ်းသား ပြန် လွှတ်ပေး
ရေးငြင်းဆိုနေတာတွေ အပေါ် မေးခွန်းထုတ်ဖို့နဲ့ ဗြိတိန်အစိုးရက မြန်မာအစိုးရကို နိုင်ငံရေး၊ နည်းပညာအရ အကူအညီပေးနေမှု၊ ငွေကြေး အကူအညီပေးနေမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဗြိတိန်အစိုးရဟာ မြန်မာအစိုးရကို ကူညီထောက်ပံ့ဖို့ ဒေါ်လာ ၃၄ သန်း လျာထားတယ်လို့လည်း ဘားမား ကင်ပိန်း ယူကေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ကိုဇော်ဖေဟာ ၂ နှစ်အရွယ်သားတဦးနဲ့ ဇနီးတို့ ရှိပြီး လွန်ခဲ့တဲ့ နှစ်ကတည်းက သတင်း ထောက်လုပ်ရင်းအဖမ်းခံခဲ့ရတာဖြစ်သလို ကိုဇော်ဖေဟာ ၂၀၁၀ ခုနှစ်ကလည်း တရားမ၀င် ဗွီဒီယို ရိုက်ကူးမှုနဲ့ ထောင် ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရကား ၂၀၁၂ ခုနှစ်ကမှ ပြန်လွတ်လာတယ်လို့ အဲဒီကြေညာချက် မှာ ဖော်ပြထားပါတယ်။ 


အိမ့်သံစဉ် ~ 



 






1 comment:

  1. ​နှောက်​ယှက်​မှုနဲ့​တောင်​တရားစွဲရတာဆို​တော့ ဘယ်​​လောက်​​တောင်​ လူပါးဝခဲ့သလဲမှမသိတာ အပြစ်​ရှိရင်​ခံ​ပေါ့ အခြားသတင်း​ထောက်​​တွေအများကြီး ​ရေးချင်​ရာ​လျှောက်​​ရေးတာ​တောင်​ ဘယ်​သူမှမဖမ်းဘူး သတင်း​ထောက်​ဆိုဖမ်းလို့မရ​တော့ဘူးလားလို့​မေးစရာဖြစ်​​နေပြီ

    ReplyDelete