Pages

Thursday, May 22, 2014

မှုတ်ဆေးဒဏ်ခံနေရတဲ့ မူဆယ်က မော်တော်ကားများ

 ~


  ~
အခုတလော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မော်တော်ကားတချို့ လက်သရမ်းခံနေရပါတယ်။

ပုံမှာ တွေ့ရတဲ့အတိုင်း ကားကို မှုတ်ဆေးနဲ့ ဖြန်းသွားတာပါ။

“ကား အကောင်းစားတွေကိုပဲ ရွေးပြီးမှုတ်သွားတယ်။ ညသန်ခေါင်းချိန်မှာ မှုတ်သွားတာဆိုတော့ ဘယ်သူလဲဆိုတာ မဖမ်းနိုင်သေးဘူး။ နေ့စဉ်ဖြစ်နေပါတယ်”
လို့  မူဆယ်မြို့တွင်တောင်ရပ်ကွက်မှာ နေထိုင်တဲ့  စိုင်းအိုက်စိုင်းက ဧရာဝတီကို အင်္ဂါနေ့မှာ ပြောပါတယ်။

ဆေးအမှုတ်ခံရတာကတော့ လမ်းမမှာ ညအိပ်ရပ်နားထားတဲ့ကားတွေ ဖြစ်နေပါတယ်။

ဆေးမှုတ်ခံရတဲ့ ကားပိုင်ရှင်တယောက်ကတော့ ဦးအိုက်အေးပါ။
သူ့ကားက မတ်တူးကားပါ။

လက်သရမ်းခံရတာ ကားအစီးရေ ငါးဆယ်ကျော်နေပြီ၊   ကားအကောင်းတွေ လုပ်တော့ သွားပြီးပြင်ဆင်ရင် ဈေးနှုန်းက မနည်းဘူး။
  ဒီလိုလုပ်တဲ့သူကို သက်ဆိုင်ရာက အမြန်ဆုံး ဖော်ထုတ်သင့်ပါတယ်လို့ ကားပိုင်ရှင် ဦးအိုက်အေးက ပြောပါတယ်။

နန်းဆိုင်နွမ် ~

 



.

No comments:

Post a Comment