Pages

Saturday, May 24, 2014

ဒီကနေ့ မြန်မာပြည်ရာသီဥတုအခြေအနေ

 ~


  
  ~
ဒီကနေ့ ရာသီဥတုနဲ့ ပတ်သက်ပြီး ဒေါက်တာထွန်းလွင်ရဲ့ ခန့်မှန်းချက်က ဒီလိုပါ ....

၂၀၁၄ ခုနှစ်၊ မေလ(၂၄)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ အနောက်တောင်မုတ်သုံ လေဦးဟာ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသအတွင်းသို့ ဆက်လက်ဝင်ရောက်လျက်ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေခဲ့သောမုန်တိုင်းငယ်ဟာ လွန်ခဲ့သော(၆)နာရီအတွင်းက အနောက်တောင် (မြန်မာနိုင်ငံကမ်းခြေမှဝေးရာ)ဖက်ဆီသို့ 6 KMPH(4 mph) နှုန်းဖြင့်
ရွေ့လျှားလာခဲ့ပြီး၊ အားလျော့သွားကာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်လာခဲ့ပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ နောက် (၂၄)နာရီအတွင်း အနောက်တောင် ဖက်ဆီသို့ ဆက်လက်ဥိးတည် ရွေ့လျှားလာပြီးနောက်တဖြည်းဖြည်း အားလျော့ပျက်ပြယ် သွားမည်ဟု ခန့်မှန်းရပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြစ်ဝကျွန်းပေါ် နဲ့ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့်အတင့် ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၄)ပေမှ(၅)ပေခန့် နဲ့ ကျန်မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင် တို့မှာ လှိုင်းအမြင့် (၂)ပေမှ(၃)ပေခန့် ရှိနှိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ ။

နေ့အပူချိန်များဟာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း
ဒေသကြီအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များဟာ 36°C – 38°C ခန့်၊ နေပြည်တော်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် နေ့အပူချိန်များဟာ 31°C - 35°C ခန့်၊ ကျန်ပြည်နယ်များအားလုံး တို့တွင် 26°C - 29°C ခန့် ရှိနှိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော် လွန်နေသောတန်ဘိုးများကို မြန်မာနိုင်ငံတ၀ှမ်းတွင် လျော့နည်း သွားခဲ့ပြီဖြစ်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ နဲ့ နေပြည်တော်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ညနေပိုင်းအချိန်များတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပခြူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲမှစိပ်စိပ် နဲ့ ကျန်ဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါတယ်။ ရန်ကုန်တိုငးဒေသကြငီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

 
ဒေါက်တာထွန်းလွင်ရဲ့ ဖေ့စ်ဘုတ်ကနေ ကူးယူပြီး မူရင်းအတိုင်း  ဖော်ပြပါတယ်။

.

No comments:

Post a Comment