Pages

Thursday, May 29, 2014

ဆိုက်ကားလိုင်စင်က ကားလိုင်စင်ထက် ခက်ခဲ

 ~


  .
ပြည်မြို့က ဆိုက်ကားသမား ၃၀ ခန့်က  ကြာသပတေးနေ့မှာ  မြို့နယ်စည်ပင်သာယာဌာနကို ဆန္ဒပြကြပါတယ်။

တခြားမြို့တွေလိုပဲ....  ပြည်မြို့က ဆိုက်ကားတွေ မြို့နယ်စည်ပင်သာယာဌာနမှာ လိုင်စင်သက်တမ်း  နှစ်စဉ် တိုးရတယ်၊
ဒီနှစ်မှာတော့ စည်/ပင်မှာ သက်တမ်းတိုးတဲ့အခါ  ပညာမျိုးစုံပြသတာနဲ့ ရင်ဆိုင်ရတယ်လို့  ဆိုက်ကားဆရာကိုဝင်းလှိုင်ကပြောပါတယ်။

ဆိုက်ကားလိုင်စင်က
မော်တော်ကားလိုင်စင်ထက် ပိုပြီး ခက်ခဲနေပါတယ် တဲ့။

“ဆိုက်ကားလက်ရန်းတခုတပ်ရင် အနည်းဆုံး နှစ်သောင်းခွဲ ကုန်တယ်။
ရှေ့မီးနောက်မီးတွေ နံပါတ်ပြားအသစ်တွေအပြင် အရင်ကအဟောင်းတွေပါ
ပြန်ယူလာခဲ့။ မပြည့်စုံရင် သွားပြန်လုပ်ပြီးမှလာခဲ့ တဲ့။ စစချင်းကတော့
ဒဏ်ရိုက်တယ်။ တိုင်မယ်ပြုမယ်လုပ်တော့ ဒဏ်မရိုက်ဘဲ အခုလို
ဆိုက်ကားသမားတွေကို ပညာပြတော့တာပဲ”

  ဆိုက်ကားဆရာတဦးရဲ့ ဇနီးသည်ကလည်း စည်ပင်ဌာနက ဆိုက်ကားသမားတွေရဲ့ ဘ၀ကို နားမလည်ဘူးလို့ ပြောပါတယ်။

“အခုချိန်က ကျောင်းအပ်ချိန်။  ပိုက်ဆံအကုန်အကျ များနေပါတယ်ဆို၊ သူတို့ကို သွင်းရတဲ့ ငွေးငါးထောင်ဆိုတာ ဆိုက်ကားဆရာတယောက် တနေကုန် ဖင်ပြဲအောင် မောင်းရင်တောင်မရနိုင်ဘူး။
 ဒီကြားထဲ ဆိုက်ကားမှာ အရေးမကြီးတဲ့ အပိုပစ္စည်းတွေ တပ်ခိုင်းတာ။ ဒဏ်ရိုက်တာတွေက ဆင်းရဲသထက်ဆင်းရဲအောင်လုပ်နေတာ”

 စည်ပင်ဌာနက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ခြင်း မရှိသေးပါ။

ဆိုက်ကားဆရာတွေ  ဆန္ဒပြဖို့ ပြီးခဲ့တဲ့ မေလ (၂၄) ရက်နေ့က တရားဝင်စာတင်ခဲ့ပေမဲ့ ခွင့်ပြုမိန့် မရပါဘူး။ 

ဒီကနေ့  ခွင့်ပြုမိန့်မရှိဘဲ  ဦးဆောင် ဆန္ဒပြတဲ့ ဆိုက်ကားဆရာ ကိုဝင်းလှိုင်ကို ပုဒ်မ(၁၈) နဲ့ ပြည်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ပါပြီ။

 ကိုဝင်းလှိုင်ဟာ ဒီပုဒ်မနဲ့  အရေးယူခံရတာ (၉)ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

 


  • ကောင်းမြတ်မင်း

.


4 comments:

  1. ဟေး အဲဒါမြန်မာပြည်ကွ

    ReplyDelete
  2. မြန်မာပြည်ကွ မှတ်မိတယ်နော်

    ReplyDelete
  3. နွယ်မြက်သစ်ပင်ဆေးဖက်ဝင် မဝင်သည့်အပင်တို့ စည်ပင်

    ReplyDelete
  4. ဆေးဖက်မဝင်တဲ့အပင် ဆိုတာဒီလိုအပင်မျိုးကိုခေါ်တာ

    ReplyDelete