Pages

Friday, May 30, 2014

ထောက်လှမ်းရေးတို့ အဆင်ပြေစေဖို့

 ~



NLD နဲ့ ၈၈ ငြိမ်းပွင့်တို့ရဲ့ အစီအစဉ်နဲ့ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးတာကို ကာတွန်းဆရာများက ဒီကနေ့ တခမ်းတနား ဆောင်ရွက်ဖို့ အသင့်ဖြစ်နေပါပြီ။

ကာတွန်းဆရာတယောက်ကဆိုရင် ထောက်လှမ်းရေးတွေကို သတင်းလာယူဖို့တောင် ဖိတ်ခေါ်ထားပါတယ်။ သူ့ရဲ့ ဖိတ်ခေါ်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


ရဲတပ်ဖွဲ့ဝင်တွေနဲ့ စရဖ အဖွဲ့ဝင်တွေခင်ဗျား

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကိုပြင်ဆင်လိုကြောင်း ပြည်သူလူထုသဘောထား လက်မှတ်ရေးထိုးတဲ့ နေရာတွေကို သွားပြီး စစ်ဆေးမေးမြန်းတာ ဓာတ်ပုံရိုက်တာတွေ လုပ်နေတယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေဖတ်ပြီး သိရပါတယ်။

ဒီကနေ့ နေ့လည် (၂)နာရီ ၃၅ လမ်း အလယ် အမှတ် ၁၇၆ မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကာတွန်းဆရာတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။
တာဝန်သိပြည်သူတွေအနေနဲ့ ခင်ဗျားတို့ကို အကူအညီပေးချင်တဲ့အတွက် လာခဲ့ကြပါလို့ ကြိုတင်အသိပေးတာပါ။
ကင်မရာအမျိုးအစားမရွေး ဓာတ်ပုံအရိုက်ခံကြပါမယ်။
လိုအပ်တဲ့ ပို့စ်လည်းပေးပါမယ်။

ပြီးရင် လက်ဖက်ရည်နဲ့မုန့်နဲ့လည်း ဧည့်ခံပါမယ်၊

နေမျိုးအေး

 



.

1 comment:

  1. ကြုံ ကြိုက်တုံး ဆန္ဒရှိ လျှင် လက်မှတ်ပါဝင်ထိုးဘို့ ဖိတ်ခေါ်မှု မလုပ်တော့ဘူးလားဗျာ။

    ReplyDelete