Pages

Thursday, May 29, 2014

ထိုင်းအာဏာသိမ်းစစ်ကောင်စီက အကြံပေးအဖွဲ့ ဖွဲ့စည်း

 ~



  ~
ထိုင်းအာဏာသိမ်းစစ်ကောင်စီက အကြံပေးအဖွဲ့တခုကို ဖွဲ့လိုက်တယ်လို့ ထိုင်းမီဒီယာတွေကို ကိုးကားပြီး  သတင်းတပုဒ်မှာ ရေးထားပါတယ်။

 Thai Junta Airs Videos to Show Detainees OK
http://www.irrawaddy.org/asia/thai-junta-airs-videos-show-detainees-ok.html ဆိုတဲ့ သတင်းမှာပါ။

ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ယခင် ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်း Prawit Wongsuwan (အပေါ်ပုံ) ကို ခန့်ထားပါတယ်။

သူဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အရပ်သားအစိုးရဖြုတ်ချရေးဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ ရှိနေခဲ့သူတဦးလို့ ယူဆမှုတွေလည်း ရှိနေတာပါ။
ယာယီအစိုးရဝန်ကြီးချုပ်တာဝန် ရလာနိုင်တယ်လို့ ထင်ကြေးပေးခံနေရတာလည်း ရှိပါတယ်။

ဒီဗိုလ်ချုပ်ဟောင်းက ထိုင်းနိုင်ငံရေးလောကမှာ  သိပ်ပြီးလေးစားခံရသူတော့မှဟုတ်ဘူး။ ဒါပေမယ့်လည်း စစ်သားအချင်းချင်း စိတ်ချရတယ်လို့ ထင်ကြပုံရတယ် လို့ ဘန်ကောက်အခြေစိုက် မြန်မာသတင်းသမားတယောက်က ပြောပါတယ်။

စစ်တပ်ရဲ့ အလေ့အထအတိုင်း ဒီလို ရာထူးကြီးတွေ ခန့်အပ်ရာမှာ တပ်တွင်း ပြန်လည်ခုခံတာမျိုးမ လုပ်နိုင်အောင် ယုံရတဲ့သူတွေကိုပဲ ခန့်တာများတယ် လို့ သူက ဆက်ပြောပါတယ်။

သူ ကာကွယ်ရေးဦးစီးချုပ်ရာထူးထမ်းဆောင်တဲ့ ၂၀၀၅ ခုနှစ်မှာ မြန်မာပြည်ကို တရားဝင် လာရောက်ခဲ့ပါတယ်။

ဒီဗိုလ်ချုပ်ဟောင်းကို ကာကွယ်ရေးဝန်ကြီး ရာထူး ပေးခဲ့တာကတော့ ဝန်ကြီးချုပ်အဖိဆစ်လက်ထက်မှာပါ။

ထိုင်းစစ်တပ်ပိုင်းမှာတော့ သူ့အရှိန်အဝါ ရှိနေတုန်းပဲလို့ ဧရာဝတီသတင်းတပုဒ်မှာ ရေးထားပါတယ်။

ထိုင်းစစ်တပ်ထဲမှာ အရှေ့တိုင်းကျားရဲ လို့ ခေါ်ကြတဲ့ သီးသန့်အုပ်စု ရှိပါတယ်။ အမှတ် ၂၁  တပ်ရင်းထွက်တွေပါ။ Anupong Paochinda နဲ့ Prayuth Chan-ocha ဆိုတဲ့ ကာချုပ်တွေလည်း အဲဒီအုပ်စုကပဲလို့ ဆိုတယ်။
ဒီဗိုလ်ချုပ်ဟောင်းကို အဲဒီအုပ်စုမှာ အစ်ကိုကြီးသဘောမျိုး ဝါရင့်တယောက်အဖြစ် သိထားကြပါတယ် တဲ့။

ပြီးခဲ့တဲ့လ ဆန္ဒပြပွဲများကြောင့် အစိုးရ ပြုတ်ကျရင် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဖြစ်လာမယ့်သူဟာ
ဒီဗိုလ်ချုပ်ဟောင်းပါပဲလို့ ယူဆမှုတွေ ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ရေးပါတယ်။

လောလောဆယ်တော့ အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြမှုတချို့ ထိုင်းမှာ ဖြစ်နေပါတယ်။  ရွေးကောက်ပွဲကျင်းပပေးဖို့၊ နိုင်ငံရေးမှာ စစ်တပ် စွက်ဖက်မှုမျိုးတွေ အဆုံးသတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆို နေကြပါတယ်။

  •     ဆက်စပ် ဖတ်ရှုရန်

 ထိုင်း ပညာရေး ၀န်ကြီးကို အာဏာသိမ်း စစ်တပ် ဖမ်းဆီး


 ထိုင်း စစ်အာဏာသိမ်းမှု မြန်မာ ရွှေ့ပြောင်း အလုပ်သမား မူဝါဒ အပေါ် ရိုက်ခတ်မှု မရှိ

 

.

No comments:

Post a Comment