Pages

Thursday, May 29, 2014

ထိုင်းတောင်ပိုင်းမှာ ဘယ်လိုအဖြေရှာမလဲ

ထိုင်းနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်လို့ စစ်အာဏာသိမ်းမှုဖြစ်ပြီးစစ်အစိုးရ အုပ်ချုပ်နေစဉ်မှာပဲထိုင်းတောင် ပိုင်း ပတ္တနီခရိုင် ဆေးရုံတခုရဲ့ ကားရပ်နားရာနေရာတခုမှာ ဗုံးပေါက်ကွဲလို့ စစ်သား တဦး အပါ အဝင် လူ ၁ဝ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါ တယ်။ 


 ဓာတ်ပုံ- ဘန်ကောက်ပို့စ်⁠⁠~

ထိုင်း တောင်ပိုင်း ဒေသဟာ မွတ်စလင် အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်  
နေတဲ့ နေရာ လည်း ဖြစ်ပါတယ်။ တနေ့ကပဲ ဗုံးခွဲမှုကြောင့် မိန်းကလေးငယ်တဦး ခြေထောက်ပြတ်သွား ရပါသေးတယ်။ 

 ဆေးရုံလိုနေရာမျိုးမှာထိ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် ဒေသခံတွေအပြင် ဆရာဝန်၊ ဆရာဝန်မတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း အတော်ကြောက်ရွံ့နေကြပြီး နောက်ပိုင်း သူတို့လည်း ပစ်မှတ်တွေဖြစ်လာမှာကို စိုးရိမ်နေ ကြတယ်လို့ ထိုင်း သတင်းတွေက ဆိုပါတယ်။ 

 ပြီးခဲ့တဲ့ စနေနေ့ကပဲ တိုက်ခိုက်မှုတွေဟာ လူအများ သုံးနေရာတွေနဲ့ ဆဲဗင်းအလဲဗင်း စတိုးဆိုင်မှာ တိုက်ခိုက်မှုဖြစ်ပြီး အခုလို ဆေးရုံမှာပါ တိုက်ခိုက်လာတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ဆိုပါတယ်။ ရာလာဘက်ဆိုရင်လည်း တနေ့က ရွာသားတဦးကို ပစ်သတ်ခံထားရပြီး အလောင်း ကို ရဲတွေက တွေ့ခဲ့ရပါတယ်။

 မလေးရှားကို အလွယ်တကူ ဖြတ်သန်းကူးသွားကာ ပုန်းအောင်လို့ လွယ်ကူတဲ့ ထိုင်းတောင်ပိုင်းဒေသ   
တွေမှာ ဗုဒ္ဓဘာသာ  ရဟန်းတော်တွေလည်း ဆွမ်းခံကြွတာတောင် စစ်သား အစောင့်အရှောက်နဲ့ ဆွမ်းခံ ကြွကြရတာပါ။

 မကြာခဏ ဆိုသလိုလည်း ပစ်ခတ်သတ်ဖြတ်ခံရမှုတွေကြောင့် ဆွမ်းခံရင်း ပျံလွန်တော်မူသွားတဲ့ ရဟန်းတော်များလည်း ရှိနေပြီး အစောင့် လုံခြုံရေး စစ်သားတွေလည်း သေဆုံးနေကြရတဲ့ ရပ်ဝန်းတခုပါ။ 

အခုလို ထိုင်းနိုင်ငံမှာ စစ်အစိုးရ က အုပ်ချုပ်ရေးတာဝန်ယူနေစဉ်မှာ ထိုင်းတောင်ပိုင်းက မွတ်စလင် အစွန်းရောက်သောင်း ကျန်းသူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘယ်လို ဖြေရှင်းသွားမလဲဆိုတာ သုံးသပ်ရေးသားဖော်ပြမှုတွေလည်း ဆက်တိုက်ပေါ်ထွက်လာနေပါတယ်။


 


 အိမ့်သံစဉ် ~ 

 
.





 

No comments:

Post a Comment