Pages

Sunday, May 4, 2014

တောင်ကိုရီးယားသွားပြိုင်မယ့်မေမြတ်နိုး အွန်လိုင်းမဲအများဆုံးရနေ

~

 


   အလှမယ် မေမြတ်နိုး Miss Asia Pacific World 2014 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်နေပါပြီ။

ကျင်းပမယ့် နေရာက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၊
ပြိုင်ပွဲရက်က မေလ ၁၉ ရက်နေ့ ။

အခုကတည်းက အစပြုနေတဲ့ အစီအစဉ်တခုကတော့ အွန်လိုင်းမှာ ဘယ်သူ မဲအများဆုံးရမလဲ ဆိုတာပါပဲ။

 မေ ၃၀ ရက်နေ့အထိ မဲပေးနိုင်ပြီလို့ ဆိုတယ်။  ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ်ထဲ မဲပေးလိုတဲ့သူ အများအပြား ရှိနိုင်တာကြောင့် လက်တို့လိုက်ပါတယ်။

https://www.facebook.com/missosology.info/app_376474729030486 ဆိုတဲ့ စာမျက်နှာမှာ မဲပေးနိုင်ပါပြီ။

လောလောဆယ် အွန်လိုင်းမဲအများဆုံး ရနေတာကတော့ မြန်မာအလှမယ်ပါပဲ။
နောက်ကနေ ကပ်လိုက်နေတာကတော့ ဖိလစ်ပိုင်က အလှမယ် ဖြစ်ပါတယ်။
 

ယခင့် ယခင် နိုင်ငံတကာထွက်ပြိုင်တဲ့ နန်းခင်ဇေယျ၊ ခင်ဝင့်ဝါ၊ မိုးစက်ဝိုင် စသဖြင့် စသဖြင့်တို့ကို အွန်လိုင်းကနေ မဲထည့် အားပေးမှုတွေ အကြီးအကျယ် ရှိခဲ့ပါတယ်။

အခုတော့ .... မေမြတ်နိုးအလှည့်ရောက်ပါပြီ။
ဒီပွဲမှာ လောလောဆယ် သူ မဲအများဆုံးရနေတယ် ဆိုတော့ သူ့ကို အားပေးမှု အများကြီးရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။



 

.

3 comments:

  1. ဗုတ်မဲမပါဘဲပြိုင်ပါလားရိုးရိုးသားသား

    ReplyDelete
  2. ၂၀၁၅မှ‌ရောထည့်‌လို့ရမလား

    ReplyDelete
  3. The page you requested was not found လို့​ပေါ်လာလို့အဲဒါဘာဆက်​လုပ်​ရမှာလဲခင်​ဗျာ့

    ReplyDelete