တောင်းရတဲ့ အကြောင်းရင်းကို မကြာခဏ မေးခဲ့ကြပေမယ့် သေချာ မပြောခဲ့ပါဘူး။
မီးမီးခဲ၊ ဓာတ်ပုံ- မီးမီးခဲ ဖေ့စ်ဘုတ်
ဒါပေမယ့် အခု မေလ ၄ ရက်နေ့က တော့ မီးမီးခဲ ဂီတဖျော်ဖြေပွဲတခုမှာ ပြုံးပြုံးရွှင်ရွှင် သီချင်း သီဆိုဖျော်
ဖြေတာကို ပရိသတ်တွေက မေးလို့ သူ့ဖေ့စ်ဘုတ်က တဆင့် အခုလို ထုတ်ပြောလိုက်ပါပြီ။
ဒီနေ့  အလုပ်တွေလုပ်ပြီးသီချင်းဆိုတော့
လူတွေက အစ်မတအား ပြုံးနေနိုင်တယ်နော်တဲ့
ဘယ်လောက်ပူပူ!!
အမှန်တိုင်းပြောမယ် ထူးအယ်လင်းကို မီးမီးခဲ စိတ်ကုန်ခဲ့တာကြာပြီ
၂ နှစ်ခွဲကျော်ပြီ
အားနာတတ်ရင် သူ အခုယူထားတဲ့ ကယားတိုင်းရင်းသူ ကို
ဖြောင်းဖြပေးသင့်တယ်
အပါး စောဘွဲ့မှုးလဲ အားနာပါတယ်
ရွေးချယ်ခဲ့တဲ့အတိတ်ကြောင့် ငါပင်ပန်းနေတုန်း
နင်တို့ တွေ ငါတို့ သားအမိကို ဘာမှမပေးတော့နဲ့
ငါကိုယ်တိုင်ရွေးပြီး ငါကိုယ်တိုင်ဖမ်းပေးခဲ့တဲ့ အချစ်လို့ ခေါ်သလား
သီချင်းနဲ့ ဟန်ဆောင်ပြီး ပရိတ်သတ်ဆီက အားပေးမှုကို သနားခံပြီးယူမနေ နဲ့တော့
နင် ကျေးဇူးတရားနားလည်ရင်
ငါ့နဲ့ ငါ့သမီးလေးအိမ်ပေါ်ကဆင်းပေးပါ
အဆိုတော် မီးမီးခဲက သူ့ဖေ့စ်ဘုတ်မှာ ရေးသားထားချက်ပါ။
အိမ့်သံစဉ် ~
ဆက်စပ်သတင်း


ထူအဲလင်း
ReplyDeleteမင်းဘဝကိုမေ့သွားတာလား။ဘယ်ကလာခဲ့တယ်၊ဘယ်လိုနှိမ်ခံခဲ့ရတယ်၊ဘယ်သူတွေက၊အရောင်တင်ပေးလို့ဒီဘဝရောက်ခဲ့တာလဲဆိုတာမေ့သွားတာလား၊မင်းဘဝရဲ့အတိပ်ကိုမင်းပြန်စဉ်းစားပါ။
လူမျိုး ဘာသာ မဆိုလိုပေမဲ့ caroline ဆိုတဲ့ ဟာကလည်း သူများလင်မသွားတာကို မိသားစုလိုက်ပျော်နေပုံရတယ်ဗျာ
ReplyDeleteလူတစ်ယောက်ဟာ မိဘနေရာရတာကို တန်ဖိုးထားပီး မိမိရဲ့ ခံစားချက်ထက် သားသမီးရဲ့ ခံစားချက်နဲ့ အနာဂါတ်ကိုဦးစားပေးရမယ်။ ကျွန်တော်တို့အသက်အရွယ်နဲ့ လုပ်ချင်တာတွေလုပ်ခဲ့ပီးပါပီ ။တော်လောက်ပါပီ။
ReplyDeleteမိန်းခလေးကိုလည်းပြောချင်ပါတယ် မင်းရဲ့ ဖခင်အဲလိုလူဆိုရင် မင်းရဲ့ခင်ပွန်းအဲလိုလုပ်ရင် မင်းဘယ်လိုခံစားရမလဲ
ဘယ်ဘာသာမှလက်မခံသလို ဘုရားလည်းခွင့်မပြုပါဘူး
အချစ်ဆိုတဲ့အရာက လူ့ဝန်းကျင်မှာ လေးစားစရာအတုယူစရာမြင့်မြတ်တဲ့ လူရှေ့ဘုရားေ၇ှ့လက်ခံနိုင်တာမျိုးကိုဘဲသတ်မှတ်ချင်ပါတယ်
လောကကြီးမှာ ကိုယ့်ကိုယ်ကို မလေးစားချင်တာထက်ဆိုးတာဘာမှမရှိပါ။
လူတိုင်းအားနဲချက်ကိုယ်စီရှိပါတယ် လူအသိုင်းအ၀ိုင်းမှာ လက်ခံနိုင်လောက်တဲ့အားနဲချက်ဘဲဖြစ်သင့်ပါတယ်
ကမ္ဘာပေါ်မှာရှိတဲ့ မိဘများကို မိမိအတ္တနဲ့ဆန္ဒကို ဦးစားမပေးဖို့ မေတ္တာရပ်ခံပါတယ်
မိဘစုံလင်စွာရှိလျက်အတူနေခွင့်မရသောသားသမီးများအတွက်ဆုတောင်းပေးကြပါ
မမီးမီးခဲနှင့်သမီးငယ်ကိုလည်း အထူးအားပေးချင်ပါတယ် လောကကြီးထဲမှာကျွန်တော်တို့ကိုအချစ်နိုင်ဆုံးက ဘုရားသခင်ပါဘဲ
မမီးမီး!
ReplyDeleteဘုရားသခင်က အစ်မတို့သားအမိနှင့်အမြဲအတူရှိနေမှာပါ။ စိတ်ဓါတ်မကျပါနဲ့၊ မမီးမီးခဲက မိကောင်းဖခင်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကိုင်းရှိုင်းတဲ့ အသိုင်းအ၀ိုင်းကပါ။ ဘယ်သူကမှ မမီးမီးကို အပြစ်မတင်ပါဘူး။ လောကကြီးမှာ အရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာပါရှိတယ်။
ကိုရှိန်း