Pages

Sunday, May 4, 2014

လွန်ဆွဲခြင်းနဲ့ မိုးကောင်းကျော်စွာနတ်မင်း

~

 
  


    
        ရာသီဥတုတွေ ဘာကြောင့် ဖေါက်ပြန်နေတာလဲ။ 
  တိုင်းပြည်အုပ်ချုပ်သူ ကိုယ့်ကျင့်တရားကြောင့်လို့ ပြောသူ ရှိသလို ဥတုရာသီတောကိုမှီဆိုတဲ့ စကားအတိုင်း သစ်တောတွေ ပြုန်းတီးတာကြောင့် လို့ ဆိုသူလည်း ရှိပါတယ်။

        ယခုနှစ်နွေရာသီကတော့ ခါတိုင်းနှစ်တွေထက် ပိုမိုပူပြင်းလို့ ပဲခူးတိုင်း ပြည်မြို့မှာ အကြိမ်ကြိမ်လွန်ဆွဲပြီး မိုးခေါ်ပွဲတွေ ကျင်းပပြုလုပ်နေကြပါတယ်။

စနေနေ့ ညနေပိုင်းမှာ   အောင်သုခရပ်ကွက်နဲ့ မြကန်သာယာ ရပ်ကွက်ဆုံမှတ်ဖြစ်တဲ့ ကန်တော်သခင်မကြီး နတ်နန်းရှေ့မှာ ပြုလုပ်ကြပါတယ်။

        လွန်ဆွဲပွဲကို ရပ်ကွက်သုံးခုပေါင်းလုပ်တဲ့အကြောင်း  အောင်သုခရပ်ကွက်မှ ဆယ်အိမ်မှူး ဦးကျော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

        “အဓိကတော့ လူအသေအပျောက်များလို့ပါ။
ကျနော်တို့ရပ်ကွက်ထဲမှာ ဒီရက်ပိုင်း လေးယောက်ရှိပြီသေတာ။
အပူဒဏ်မခံနိုင်လို့ အသက်ကြီးပိုင်းတွေ သေကြတာပါ။
အရမ်းပူတယ် မခံနိုင်တော့လို့ အခုလိုလုပ်ဖို့ တိုင်ပင်လိုက်တာပါ။
ရပ်ကွက်သုံးခုက လူတွေဆွဲကြမှာပါ။
ဆည်ကြီးဆွဲ၊ မြကန်သာယာနဲ့ အောင်သုခပါ”

မိုးအတွက် လွန်ဆွဲခြင်းက နတ်ပင့်ပူဇော်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

        မိုးရွာသွန်းမှုအတွက် မိုးကောင်းကျော်စွာနတ်မင်းကြီးကို ပင့်ဖိတ်ပူဇော်ရကြောင်း နတ်ပင့်ဖိတ်သူ ကိုသားသားကြီးက ဧရာဝတီကို အခုလိုရှင်းပြပါတယ်။

        “မိုးရွာသွန်းဖို့အတွက် မိုးကောင်းကျော်စွာနတ်မင်းဆိုတာ ရှိတယ်။
သူ့ကို ပင့်ဖိတ်ပြီး လွန်ဆွဲရင် သေချာပေါက် မိုးရွာတယ်။ အခုဒီမှာ နတ်မင်းကြီးကို လာပင့်ပေးတာပါ”

        ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့ကလည်း   ပြည်မြို့က ပရဟိတ အသင်းတခု ဖြစ်တဲ့ မိုးမေတ္တာအသင်းက အသင်းသူအသင်းသားတွေ လွန်ဆွဲပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။
လွန်ဆွဲပွဲအပြီး လေးရက်ခန့်အကြာမှာတော့  ပြည်မြို့မှာ ကွက်ကျားမိုး အနည်းငယ်ရွာခဲ့ပါတယ်။
 
  • ကောင်းမြတ်မင်း










 

.

1 comment:

  1. ရှက်ဖွယ်လိလိ ကျက်သရေတုံး လုပ်ရပ်တွေ

    ReplyDelete